Part - 8

3.6K 169 4
                                    

Part - 8

                   ချစ်သော  အညို

                   

အိမ်ပြန်ရောက်ထဲက အခန်းအပြင် မထွက်ဘဲ
အိပ်ယာထဲ လူးလှိမ့််နေမိတဲ့ မိုရ် , ရယ်ပါ ။ နေ့
လည်ကအကြောင်း ပြန်တွေးမိရင် လူက ရင်ထဲ
တွေထဲမှာ တလှပ်လှပ်နဲ့ ဒိန်းတလိန်းနတ် ဝင်ပူးခံ
နေရတဲ့အတိုင်း ။ ကိုယ် နဲ့ အညို နမ်းလိုက်မိတာပေါ့ ။ တမင်ရည်ရွယ်တာမျိုး မဟုတ်ပေမယ့် အညို့နှုတ်ခမ်းတွေ ကိုယ့် နှုတ်ခမ်းတွေပေါ်က သေချာထိမိနေခဲ့တာ သုံးလေးစက္ကန့်မက ။ အဲအချိန်မှာ ကိုယ် သိပ်ချစ်တဲ့ အညိုရောင် မျက်ဝန်းတွေနဲ့လည်း
အကြည့်ချင်းဆုံခဲ့ရသေးတယ်လေ ။

မိုရ်, ကတော့ ကိုယ့်နှုတ်ခမ်းလေးကို ကိုယ့်ဘာသာ
အသာဖွဖွ ပြန်ကိုင်ကြည့်နေမိရင်းနဲ့ ရင်ထဲတသိမ့်သိမ့် ။ တကယ်မမျှော်လင့်ခဲ့တာပါ ။ မတော်တဆဆိုရင်တောင် ကိုယ့်အတွက်မြတ်နိုးစရာပဲမဟုတ်
ဘူးလား ။ နောက်ပြီး အညို ရဲ့ရင်ခွင်ထဲမှာ ဖက်
ထားခံရတဲ့ခံစားချက် ။ ဘုရားစူး သိပ်ကို ရစ်မူးစရာကောင်းလွန်းလှပါသည် ။

တကယ်တော့ မိုရ် တစ်ယောက် အညို့ ကိုစတွေ့ဖူးခဲ့တာ ရွာကိုပြန်တဲ့ သင်္ဘောပေါ်မှာပါ ။ အဲဒီအချိန် တုန်းက ကိုယ် ဆယ်တန်းနှစ် ။ သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ အဆောင်ကနေ ရွာကိုပြန်လာတဲ့အချိန် သင်္ဘောပေါ်မှာပါလာတဲ့ အကိုချောချောတစ်ယောက်ကို သဘောကျပြီး တစ်လမ်းလုံး ခိုးကြည့်လာခဲ့မိတာ ရွာရောက်တဲ့အထိ ။ ကိုယ် ဆင်းရမယ့်ရွာမှာ သူလည်း လိုက်ဆင်းတော့ ကိုယ့်မှာအံ့သြရသေးသည် ။ ဘယ်သူ့အိမ်ကိုများ လာတဲ့ဧည့်သည် လဲပေါ့ ။

ကိုလူချောကို လာကြိုတာက ငသစ်တို့ညီအကိုတွေ
ဖြစ်နေတာမို့ နောက်ကြုံတဲ့အခါမှာ တကယ်တော့
မကြုံလဲကြုံအောင်လုပ်ပြီး စပ်စုကြည့်တော့
ငသစ်တို့ရဲ့ အကိုကြီးပါတဲ့ ။ ကိုယ့်မိဘတွေက
" ကမ်းသာယာ" ရွာဇာတိမဟုတ်ဘဲ စီးပွားရေးကြောင့်ပြောင်းလာတာမို့ အညို့ကို အရင်က မမြင်ဘူးခဲ့တာ ။ ကိုယ်တွေရွာကိုပြောင်းလာတဲ့အချိန်မှာ
အညို ကမြို့ပေါ်ကိုရောက်နေပြီးကိုး ။ ကလေးဘဝက မြင်ဖူးတဲ့ ခပ်ချောချောလူကြီးကို အသိစိတ်ထဲကနေ မေ့ဖျောက်လို့မရသေးခင် တက္ကသိုလ်ပထမနှစ်မှာ မထင်မှတ်ပဲ အညို့ ရဲ့ Facebook Account ကို ရှာတွေ့ခဲ့ပါသည်။

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawWhere stories live. Discover now