𝙲𝚑𝚊𝚙𝚝𝚎𝚛 3

45 5 2
                                    

08

"ဟေး ရှန်းကော ဒီနေ့ အင်္ကျီသွားပို့တဲ့ ကောင်လေးနဲ့ဇာတ်လမ်းက ဘာလဲ။"

ပတ်ကျိ က သူ့ဘေးနားမှာဆေးလိပ်သောက်နေတဲ့ ယန်ဟောက်ရှန်းကိုမေးလိုက်သည်။

"ဘာကိစ္စမှမဟုတ်ဘူး။ငါမနေ့ည သူ့ဆီက အဝတ်နှစ်ထည် ငှားခဲ့လို့။"

ယန်ဟောက်ရှန်း ဆေးလိပ်ပြာကို တောက်ချလိုက်ပြီး

"ဘာဖြစ်လို့လဲ?"

"ဘာရယ်မဟုတ်ပါဘူး မင်းက ဒီလို ကောင်လေးနဲ့ အဆက်အဆံရှိနေလိမ့်မယ်လို့ ထင်မထားရုံပဲ။"

ပတ်ကျိက ယန်ဟောက်ရှန်းကို ဖော်ပြဖို့ ဟယ့်ကျွင့်လင်ရဲ့ ပုံစံကို တွေးလိုက်တယ်။

"ကောင်လေးကြည့်ရတာ အရမ်းလိမ္မာမယ့်ပုံလေး။စာလည်းတော်မယ့်ပုံ အဲ့လိုလူကောင်းလေးတစ်ယောက်ရဲ့ပုံကို ကြည့်ရတာ ငါ့ကိုသေသွားစေမလိုပဲ။ သူ့ကိုကြည့်ရတာ အရမ်းလိမ်လိမ်မာမာနဲ့ "မာပေါင်နန်" *ကိုတောင် သွားသတိရသွားစေတယ် ဟားဟား။"

(*မာပေါင်နန် -ကတော့ ဗန်းစကားပေါ့နော် မားမားboy လေးကိုပြောတာ။အဲ့မာပေါင်နန်ဆိုတဲ့လူက မယားဆိုတာ ပြောင်းလိုက်လို့ရတယ်၊သားဆိုတာက ထပ်မွေးလို့ရတယ် ။မိခင်ဆိုတာဘယ်တော့မှ အစားထိုးလို့မရတဲ့လူ ဆိုပြီးတောင်ခံယူထားတဲ့လူမို့ပါ။)

"အွန်း သူက အရမ်းကောင်းတယ်။"

ယန်ဟောက်ရှန်း မနေ့ညက အခြေအနေ ကိုပြန်တွေးမိတော့ မထင်မှတ်ပဲ သူ၏ နှုတ်ခမ်းများကို ကွေး၍ ပြုံးလိုက်မိသည်။

"ကျွန်တော် အပ်ချုပ်တတ်တယ်။ကျွန်တော့် အပ်ချူပ်လက်ရာက သိပ်မဆိုးဘူး။"

သာမန်လူအများစုနဲ့ ယှဥ်ပြီးပြောရရင်တော့ ဟယ့်ကျွင့်လင်လို လိမ္မာပြီး တော်သည့်ကျောင်းသားလေးတစ်ယောက်က ယန်ဟောက်ရှန်းရဲ့ မျက်လုံးတွေ နှင့် ဆုံရဲမှာမဟုတ်ပေ။

ဒါပေမယ့် ဟယ့်ကျွင့်လင်ကတော့ မတူချေ။

ယန်ဟောက်ရှန်း ဟယ့်ကျွင့်လင်ကို အလွန် စူးစမ်းချင်မိသည်။

ယန်ဟောက်ရှန်း သူ့ရဲ့ စူးစမ်းချင်မိတဲ့စိတ်ကိုမထိန်းနိုင်တော့တာကြောင့် အသားကင်ဆိုင်ရှေ့ကနေ အမြဲဖြတ်ပြန်တတ်သည့် ဟယ့်ကျွင့်လင်ကို စောင့်ဖို့ အသားကင်ဆိုင်မှာ ထိုင်စားရင်း စောင့်နေလိုက်သည်။

𝙿𝙻𝙴𝙰𝚂𝙸𝙽𝙶 || 𝚇𝚒𝚊𝚗𝚐𝙻𝚒𝚗 Where stories live. Discover now