𝙲𝚑𝚊𝚙𝚝𝚎𝚛 5

55 4 2
                                    

13

ဟယ့်ကျွင့်လင်က ယန်ဟောက်ရှန်းစကားကို ကြားသည်နှင့် နာနာခံခံပင် ဆိုင်ကယ်ဦးထုပ်ကို ဆောင်းလိုက်သည်။ကံမကောင်းစွာဖြင့် သူက ထို ပစ္စည်းများကို အကျွမ်းတဝင်မရှိသည့်အလျောက် မေးသိုင်းကြိုးကို ထူးဆန်းစွာဖြင့် တပ်နေမိသည်။

မေးသိုင်းကြိုးမှာ ဘယ်လိုမှ တပ်လို့မရ။

တက်

ယန်ဟောက်ရှန်းက စိတ်အလိုမကျစွာဖြင့် သူ့လက်ထဲက မေးသိုင်းကြိုးကို ဆွဲယူကာ ကူတပ်ပေးသည်။ယန်ဟောက်ရှန်းဆီသို့ လွှဲပြောင်းယူပြီး စက္ကန့်အနည်းငယ် အကြာတွင် လွယ်ကူလျင်မြန်စွာဖြင့် မေးသိုင်းကြိုးသည် အလိုလို စေ့ပိတ်သွား၏။

"ငတုံးလေး"

ဟယ့်ကျွင့်လင် ဆိုင်ကယ်ပေါ်တက်ပြီးသည်ဆိုတာသေချာသည်နှင့် အင်ဂျင်ကို စနှိုးလိုက်သည်။

ဆိုင်ကယ်ဆီမှ အင်ဂျင်စက်သံကိုကြားရသည်နှင့် တစ်ပြိုက်နက် သူ၏ ခန္ဓာကိုယ်ပါ စတင်တုန်ခါလာသည်ကို ဟယ့်ကျွင့်လင် ခံစားလိုက်ရ၏။

"ငါ့ကို ကိုင်ထား ။မဟုတ်ရင် မင်းပြုတ်ကျသွားလိမ့်မယ်။"

ဟယ့်ကျွင့်လင် နာခံစွာဖြင့် ယန်ဟောက်ရှန်း၏ ခါးကို ပွေ့ဖက်လိုက်သည်။သန်မာပြီး ပိန်ပါးသည့် လုံခြုံမှုအပြည့်နှင့် ခါးတစ်စုံ။

ဆိုင်ကယ်၏ ဆူညံသံနှင့်အတူ ယန်ဟောက်ရှန်းက ဟယ့်ကျွင့်လင်ကို အိမ်အပြန်လမ်းလေးဆီ ဦးတည်လို့ခေါ်ဆောင်သွားသည်။

"ယန်ဟောက်ရှန်း ခင်ဗျား ဘာဖြစ်လို့ ကျွန်တော့်ဆီ ထပ်ရောက်လာရပြန်တာလဲ။?"

ဆိုင်ကယ်သံက အလွန် ကျယ်တာကြောင့် ယန်ဟောက်ရှန်းကြားဖို့ဆို ဟယ့်ကျွင့်လင် အော်ပြောဖို့သာ တတ်နိုင်သည်။

"ငါမင်းကို ထပ်ပြီး မတော်တဆ တွေ့မိသွားရုံပဲ။"

ယန်ဟောက်ရှန်း ကလည်း အော်ပြောသည်။

"မင်းဘဝကို ကောင်းကောင်းမွန်မွန်နေ။"

"ဟယ့်ကျွင့်လင် မင်းတို့ ကျောင်းနောက်မှာ ဂျောင်ကျတဲ့ လမ်းကြားလေးတစ်ခုရှိတယ်။လူသွားလူလာနည်းတယ်။မင်းကျောင်းဆင်းတာနဲ့ နေ့တိုင်း ငါ့ကို အဲ့မှာ စောင့်နေ။"

𝙿𝙻𝙴𝙰𝚂𝙸𝙽𝙶 || 𝚇𝚒𝚊𝚗𝚐𝙻𝚒𝚗 Where stories live. Discover now