𝙲𝚑𝚊𝚙𝚝𝚎𝚛 8

45 4 2
                                    

21

ယန်ဟောက်ရှန်း သူ့ပခုံးပေါ်မှ ပူနွေးနွေးအထိအတွေ့ကို ခံစားလိုက်ရတာကြောင့် ဟယ့်ကျွင့်လင်ကို သူ့ကိုယ်နှင့် အနည်းငယ်ခွာ၍ ကြည့်လိုက်သည်။မျက်ရည်တွေ စိုရွှဲနေတဲ့ သူ့ရှေ့က ကောင်လေးကို မြင်လိုက်ရတာနှင့် ယန်ဟောက်ရှန်း မထိပ်လန့်ပဲ မနေနိုင်။

"ဟယ့်အာ"

ဂန်းစတားလေးသည် ရှားရှားပါးပါး ပြာယာခတ်သွားသည့်အမူအရာဖြင့် ဟယ့်ကျွင့်လင်၏ ပါးပေါ်က မျက်ရည်စီးကြောင်းတွေကို လက်မဖြင့် ခပ်ဖွဖွ ဖိသုတ်ပေးလာသည်။

"ဘာဖြစ်လို့လဲ။?"

"ဟင့်အင်း။"

ဟယ့်ကျွင့်လင်က ခေါင်းခါပြရင်း ယန်ဟောက်ရှန်း၏ မျက်ဝန်းတွေထဲသို့ စိုက်ကြည့်သည်။

"ယန်ဟောက်ရှန်း ကျွန်တော့်ကို ထားမသွားပါနဲ့။"

ယန်ဟောက်ရှန်းက ဆုံးရှုံးခြင်းနှင့်ရယူပိုင်ဆိုင်ခြင်းဟူသော စကားလုံးတို့က်ို ဘယ်တော့မှမစဥ်းစားခဲ့ဖူးသူဖြစ်သည်။သူ့ခန္ဓာကိုယ်တွင်းမှ သွေးများသည် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ အချိန်မရွေးထပေါက်နိုင်ပြီး  ကြောက်ရွံ့စိတ်နှင့်စိုးရိမ်စိတ်ဟူ၍လည်းမရှိ။ထိုချိန်ကိုက်ဗုံးက နောက်တစ်စက္ကန့်အတွင်းမှာ ထပေါက်သွားပြီး ဘေးဘက်သို့ စင်ထွက်ကာ ဟယ့်ကျွင့်လင်ကို ထိခိုက်သွားမည့်အဖြစ်မျိုးကိုပဲ ကြောက်ရသည်။

အကုန်ခြုံစဥ်းစားကြည့်လျှင် သူ ဟယ့်ကျွင့်လင်ကို ပိုင်ဆိုင်ချင်သည်။ဒါပေမယ့် ထိုသို့လည်း ဟုတ်မနေပြန်ပေ။

ဟယ့်ကျွင့်လင် အခု ဘာကို စိုးရိမ်နေလဲ ဆိုတာကိုသူမသိ။အတိအကျ ပြောရပါလျှင် သူက အလွန် ယုတ်မာကောက်ကျစ်သည့်ဂန်းစတားတစ်ယောက်သာဖြစ်ပြီးအခြားသူများအတွက် တွေးတောပေးတတ်သည့် အကျင့်မရှိပေ။ဒါပေမယ့် ဟယ့်ကျွင့်လင် အတွက်တော့ ခြွင်းချက်ဖြစ်သည်။

"ငါက မင်းကို ဘာလို့ထားခဲ့ရမှာလဲ?။မင်းက ဘယ်လိုတောင်တွေးတတ်တဲ့ အဆိုးအဆာလေးလဲ"

ယန်ဟောက်ရှန်းက ကောင်ဆိုးလေးတွေပြုံးတဲ့အတိုင်းပြုံးလိုက်ပြီး ဟယ့်ကျွင့်လင်၏ ဆံပင်လေးတွေကို ထပ်ခါထပ်ခါ ပွတ်သပ်ပေးနေရင်း သူအခု လူကောင်းတွေလိုမျိုး ဟယ့်ကျွင့်လင်ကို ချော့လိုက်တာလားလို့တွေးနေမိသည်။

𝙿𝙻𝙴𝙰𝚂𝙸𝙽𝙶 || 𝚇𝚒𝚊𝚗𝚐𝙻𝚒𝚗 Where stories live. Discover now