𝙲𝚑𝚊𝚙𝚝𝚎𝚛 9

29 3 1
                                    

25

အမှန်အတိုင်းပြောရရင် ဟယ့်ကျွင့်လင် ဘာလို့ဒီလောက်အများကြီးငိုနေမိလဲဆိုတာကို သူ့ကိုယ်သူ မသိဘူး။

ဟယ့်ကျွင့်လင်ဖြတ်သန်းခဲ့တဲ့ အရင်သာမာန်နေ့ရက်တွေမှာ ငိုတယ်ဆိုတာက သူ့အတွက်မရှိသလောက်နည်းပါးတဲ့ အရာပဲ။အခု 'မျက်ရည်ကျပြီး ငိုနေတယ်' ဆိုတာက သူနဲ့ တကယ် မအပ်စပ်။

သူ့မှာ ငိုစရာဆိုလို့ အကြောင်းမယ်မယ်ရရမရှိပေ။ သူ့အဘွားရဲ့ ကျန်းမာရေးကသာ သူ့အတွက် အရာရာဖြစ်သည်။ဒါကြောင့်မို့ ထိုအကြောင်းအရာမှလွဲ၍ ကျန်တဲ့အကြောင်းအရာများကို သူဂရုစိုက်မအားချေ။

ဒါပေမယ့် ယန်ဟောက်ရှန်းနဲ့ သိရပြီးနောက်ပိုင်းမှာတော့ မျက်ရည်များက တခါထက်တစ်ခါ ပိုပြီးကျလာခဲ့သည်။

ယန်ဟောက်ရှန်း ဆိုင်ကယ်​ပေါ်မှာ ပြောခဲ့တဲ့ "အခုကစပြီး မင်းမှာ ငါရှိသွားပြီ။" ဆိုတဲ့ စကားလေးတစ်ခုကပဲ ဒီမျက်ရည်တွေကို ပွင့်အံကျလာစေဖို့ ဖွင့်ပေးတဲ့ သော့တံလေးတစ်ခု ဖြစ်ခဲ့တယ် ထင်ပါရဲ့။ယန်ဟောက်ရှန်း သူ့ဘဝထဲကို ပိုဝင်ရောက်လာလေ ဟယ့်ကျွင့်လင်က သူ့စိတ်တွေကို မထိန်းချုပ်နိုင်လေဖြစ်လာခဲ့သည်။

အခုလိုပေါ့။

ယန်ဟောက်ရှန်းက စိတ်တိုတိုနဲ့ သူ့အင်္ကျီ ကော်လံကို ဆွဲထားတာလေးနဲ့တောင် ဟယ့်ကျွင့်လင်ရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်ပူပူတွေက ပါးပြင်တစ်လျောက်ကို စီးကျလာတယ်။

"ကျွန်တော် တောင်းပန်ပါတယ်......"

ဟယ့်ကျွင့်လင်က ဒီစကားကို တိုးတိုးလေးပဲ ပြောနိုင်ခဲ့သည်။ဘာလို့ဆို သူ့ရဲ့ခန္ဓာကိုယ်က အဆက်မပြတ် တုန်ရီနေခဲ့တာမို့။

ဒါကိုမြင်တော့ ယန်ဟောက်ရှန်းရဲ့ ဒေါသက အနည်းငယ် ပြေလျော့သွားသယောင်ရှိပေမယ့် သူ့မျက်နှာပေါ်ရှိ ဒေါသ အရိပ်အယောင်များက ကျန်ရှိနေဆဲပင်။ယန်ဟောက်ရှန်း ဟယ့်ကျွင့်လင်ကို လွှတ်ပေးလိုက်ပြီး သူ့ဘေးနားက သစ်ပင်ကြီးအပေါ်ကို လက်သီး အကြိမ်ကြိမ်ထိုးရင်းသာ ဒေါသတွေပုံချမိသည်။

ပင်စည်ရှိ မာကျောသော သစ်သား အသားပေါ်အကြိမ်ကြိမ် ထိုးနှက်နေခြင်းဖြစ်တာကြောင့် သစ်သားစများက အသားကို ပွန်းပဲ့စေကာ သွေးများ အလိမ်းလိမ်းထွက်လာစေပြီး သွေးစက်များက မြေပြင်ပေါ်သို့ ကျဆင်းသည်။

𝙿𝙻𝙴𝙰𝚂𝙸𝙽𝙶 || 𝚇𝚒𝚊𝚗𝚐𝙻𝚒𝚗 Where stories live. Discover now