𝙲𝚑𝚊𝚙𝚝𝚎𝚛 4

41 5 2
                                    

11

ကျောင်းဆင်းသည့်အချိန်တိုင်း ယန်ဟောက်ရှန်းနှင့် တွေ့ဆုံမှုသည် ပုံမှန် ဖြစ်နေပြီဖြစ်တာကြောင့် ဟယ့်ကျွင့်လင်လည်း မအံ့သြတော့သလို ယန်ဟောက်ရှန်းကလည်း သူ့အတိုင်းပင်ဖြစ်သည်။

သူတို့နှစ်ယောက်က အဆက်အသွယ်မလုပ်ဘဲ တစ်ယောက်နှင့်တစ်ယောက်ရှောင်နေကြတာ အချိန်အတိုင်းအတာတစ်ခုထိ ရှိနေပြီဖြစ်သည်။သူတို့က အဝေးကနေပဲ တိတ်တိတ်ကလေး ကြည့်နေဖို့သာ တတ်နိုင်ကြသည်။ဟယ့်ကျွင့်လင် ယန်ဟောက်ရှန်းနှင့်ဆုံနေသည့် အကြည့်ကိုရှောင်ပြီး အိမ်အမြန်ပြန်ဖို့ ပြင်ရာ လူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရ၏။

"ဟေး ကလေးလေး"

ထိုအမျိုးသားက တောက်တောက်ပြောင်ပြောင် ခရမ်းပြာရောင်ဆံပင်ကိုဆိုးထားပြီး ပါးလွှာသောဂျင်းဘောင်းဘီ နှင့်အစိမ်းရောင် သားရေဖိနပ်ကိုစီးကာ လည်ပင်းတွင်လည်း အရိုးခေါင်းပုံနှင့် ရွှေဆွဲကြိုးကို ဆွဲထားသည်။

"ကာကွယ်ခ "

ထိုလူကြီးက သူ့ကို ခေါင်းမှခြေအဆုံးထိ တင်းမာသောအကြည့်ဖြင့်ကြည့်ကာ ငွေတောင်းခံလာသည်။

ဂန်းစတား အုပ်စုတွေက အလွန်ဆိုးသွမ်းကြသည်။တိကျပြီး အားနည်းကာ အနိုင်ကျင့်ရလွယ်သည့် ရိုးရိုးအအနှင့်စကားနည်းသော ကျောင်းသားလေးတွေကိုသာ ပစ်မှတ်ထားပြီး ထိုသို့အနိုင်ကျင့်ငွေတောင်းခံခြင်းဖြစ်သည်။ဟယ့်ကျွင့်လင်က ထိုသူ့ကို နည်းနည်းမှ မကြောက်သလို အလွန် ဒေါသထွက်နေရုံသာရှိသည်။

ဟယ့်ကျွင့်လင် သူ့ကိုယ်သူယန်ဟောက်ရှန်းကဲ့သို့ စိတ်ကူးယဥ်လိုက်ပြီး ထိုခရမ်းပြာရောင်ဆံပင်နှင့်လူ၏ ဗိုက်ကို လက်သီးခပ်ပြင်းပြင်း တစ်ချက် ကျွေးချင်လှ၏။ ထိုသူ၏ ပါးစပ်ထဲမှ သည်းခြေရည်များ အန်ထွက်လာသည်အထိ  မြင်နေရသည့် မြင်ကွင်းက ဘယ်လောက်တောင်ကြည့်လို့ကောင်းလိုက်မလဲ။

ဒါပေမယ့် လက်တွေ့တွင်တော့ သူက ထိုသို့ လုပ်ဖြစ်မည်မဟုတ်ပေ။ သူ့ကျောင်းလွယ်အိတ်ထဲက ပိုက်ဆံအိတ်ကိုထုတ်ပြီး ယွမ် နှစ်ဆယ် ကိုပေးဖို့ ပြင်လိုက်သည်။

𝙿𝙻𝙴𝙰𝚂𝙸𝙽𝙶 || 𝚇𝚒𝚊𝚗𝚐𝙻𝚒𝚗 Where stories live. Discover now