𝙲𝚑𝚊𝚙𝚝𝚎𝚛 7

35 4 1
                                    

18

အဆိုးမြင်စိတ်များက သူ့ရင်ထဲတွင် စွဲမြဲစွာ ကျန်ရှိနေဆဲပင်ဖြစ်သည်။ယန်ဟောက်ရှန်းနှင့် လမ်းခွဲပြီးနောက် တနေ့လည်ခင်းလုံး ဟယ့်ကျွင့်လင်မှာ စိတ်နဲ့ကိုယ်နဲ့မကပ်။အဆိုးမြင်စိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ နာမကျန်းခြင်းက ရုပ်ပိုင်းဆိုင်ရာ နာကျင်ခြင်းကိုပါ ဖြစ်ပေါ်စေသည်။ဟယ့်ကျွင့်လင်၏ အစာအိမ်က နာကျင်နေပြီး မကြာခင်မှာ ပေါက်ကွဲထွက်တော့မည့် ပူဖောင်းတစ်လုံးလို ခံစားရသည်။

"ဟယ့်အာ မင်း အဆင်ပြေရဲ့လား။?"

ဖေ့ချောင်းက မျက်နှာပေါ်က စိုးရိမ်ပူပန်မှုကိုပင် ဖုံးကွယ်မထားနိုင်လျက် သူ့ခံစားချက်များကို မေးလာသည်။

"မင်းနဲ့ အဲ့အကောင်ကြားထဲမှာ ဘာတွေဖြစ်နေတာလဲ။?"

"ငါ့ကို တစ်ယောက်တည်းပေးနေလို့ရမလား ဖေ့ချောင်း။"

သူ့လေသံက သိပ်ဖော်ရွေမနေဘူးဆိုတာ ဟယ့်ကျွင့်လင်သိပါသည်။ဒါပေမယ့် ဒီနေ့မှာ သူ့ကိုယ်သူ ဘယ်လောက် ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြိုးစား သူ့ဒေါသတွေအား ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးပြီးပြီ။

ဒါက တကယ်တော့ သူစိမ်းတယောက်လိုပဲ။သူ့ဒေါသတွေက ထိန်းချုပ်နိုင်စွမ်းမဲ့လာသည်။ဒီနေ့လိုမျိုး အဆိုးမြင်စိတ်တွေ ဝင်မလာခဲ့တာ အချိန်အတော်ကြာသွားပြီဖြစ်သည်။ဟယ့်ကျွင့်လင်က ဒီကိစ္စကြောင့် စိတ်ထဲတွင် ထိပ်လန့်မှု အနည်းငယ်တော့ ဖြစ်မိသည်။

သူအရင် က ဒေါသဖြစ်တာကို ထိန်းချုပ်နိုင်စွမ်းမဲ့သည့် အတွေ့အကြုံမျိုးရှိဖူးသည်။ထိုအချိန်တုန်းက ဟယ့်ကျွင့်လင်သည် မူလတန်းကျောင်းသားအရွယ်သာ ။သူ့အရှေ့ခုံမှာထိုင်တဲ့ ဝတုတ်တုတ်နှင့်ကျောင်းသားတစ်ယောက်က ဟယ့်ကျွင့်လင်က အမိမဲ့ အဖမဲ့ဆိုသည့် အကြောင်းကို အတင်းပြောနေခဲ့သည်။ဟယ့်ကျွင့်လင် အဲ့အချိန်တုန်းက သူ့ဒေါသကို ဘယ်လိုထိန်းချုပ်ရမည်ဆိုတာကိုလည်းမသိခဲ့ပေ။သူ့ဒေါသ က အတွင်းကလီစာများကိုပါ လောင်ကျွမ်းလာပြီး တဟုန်ထိုး တိုးထွက်ကာ အသံအကျယ်ကြီးဖြင့် အော်လိုက်သည်။ထိုအော်သံက စူးရှပြီးရှည်လျတာကြောင့် အတန်းထဲက မိန်းကလေးများသည် သူ့ကြောင့် အော်ငိုလုမတတ် ထိပ်လန့်နေကြသည်။

𝙿𝙻𝙴𝙰𝚂𝙸𝙽𝙶 || 𝚇𝚒𝚊𝚗𝚐𝙻𝚒𝚗 Where stories live. Discover now