-------++++++-------
ဆော့ဝူဟျွန်းကို လွှတ်ပေးလိုက်လို့တဲ့ ဂျုံဝူး ပွစိပွစိပြောနေတာ မရပ်တော့။ ဂျီ၀န် သူ့စိတ်သူလည်း အံ့ဩနေပြီ။ အရင်ကဆို ဂျုံဝူးထက်အရင် ဒေါသထွက်တတ်တာက သူ။ ဆော့ဝူဟျွန်းကျမှ။ ပထမဆုံးတွေ့တဲ့ရက်မှာ အလျော့ပေးချင်နေတဲ့ စိတ်ကို ဂျီ၀န်းနားမလည်။အိမ်ရောက်တော့ အခန်းထဲက အိပ်ယာမှာ ပက်လက်လှန်လိုက်တော့ ဆော့ဝူဟျွန်းရယ်နေတဲ့ ပုံတွေ ပြန်မြင်မိပြီးတော့ လူက အလိုလိုပြုံးမိနေတယ်။ နှလုံးသားက တသိမ့်သိမ့်ယိုစီးကြလာတဲ့ ကြည်နူးမှု့လေးနဲ့။
"အာ ဂင်ဂျီ၀န်း သတိထားစမ်း။ ယောက်ျားအချင်းချင်း" ဆိုပြီး ကိုယ့်ပါးကို နာနာရိုက်ပြီး သတိကပ်လိုက်ရတယ်။ မနက်ရောက်တော့ ကျောင်းသွားဖို့ကို လိုတာထက် ပိုတက်ကြွပြီး ပြင်ဆင်နေမိတယ်။
ဂျုံဝူးနဲ့ ကျောင်းမှာတွေ့တော့
"ဆော့ဝူဟျွန်းကို ကြိုက်များ ကြိုက်မိနေပြီလာမသိဘူး။ သူလာမယ့်လမ်းကိုပဲ ခဏခဏပြည့်နေမိတယ်" ဆိုတဲ့ ဂျုံဝူး စကားကြောင့် ဂျီ၀န်း လန့်သွားတယ်။
Keita နဲ့အတူ ကျောင်းရောက်တော့ ဘုကြည့်ကြည့်နေတဲ့ ယွန်ဂျုံဝူးကို တွေ့တယ်။ အတန်းပိုင်ဆရာမ အချိန်ပြီးလို့ နောက်အချိန်ထိ နောက်ကနေ အမှိုက်နဲ့ ပစ်ပေါက်စနေတာမို့ မက်သရူး ဂျိုကြည့်ကြည်တာကို ဆရာက မိသွားပြီး
"ညနေ အတန်းသန့်ရှင်းရေးကို ယွန်ဂျုံးဝူးနဲ့ ဆော့ဝူဟျွန်းလုပ်ရမယ်"
ဆိုပြီး ပြစ်ဒဏ်ပေးသွားတယ်။
အတန်းဆင်းတော့ Keita က မပြန်ဘဲ အတူတူသန့်ရှင်းရေးလုပ်ကူတယ်။ ဂင်ဂျီဝန်းကလည်း မပြန်ဘဲ အတူတူရှိနေကာ ယွန်ဂျူံဝူးနဲ့အတူ သန့်ရှင်းရေးမလုပ်ဘဲ မက်သရူးတို့ကို နှောက်ယှက်ဖို့သာ လုပ်တယ်။ မက်သရူးတို့က ဂရုမစိုက်တော့ ထိကပါးရိကပါးလုပ်တဲ့ အထိ အဆင့်တက်လာတယ်။ မက်သရူးကြမ်းတိုက်နေတဲ့ ကြမ်းတိုက်သံကို ယွန်ဂျုံးဝူးက လုတာနဲ့ ပြန်လုတော့ အခန်းမသင့်ဘဲ နောက်ပြန်လဲကျတယ်။
“အား”
“ဝူဟျွန်း အဆင်ပြလား”
လက်ထောက်ကျတာမို့ မက်သရူးလက်က အလွန်နာနေတာမို့ မျက်နှကို ရှုံမဲ့သွားကာ မျက်ရည်ကချက်ချင်းကျလာတယ်။
![](https://img.wattpad.com/cover/339138290-288-k113502.jpg)
YOU ARE READING
No need to love again
Hayran Kurguဒါလေးက မက်ချူးလေးနဲ့ ဂျီ၀န်းဟျောင်း fic လေးပေမယ့် Keita နဲ့ ဂျုံဝူးတို့ကိုပါ မက်ချူးလေးနဲ့ moment လေးထည့်ထားပါတယ်။