မက်သရူးပထမဆုံး အစမ်းစာမေးပွဲကို ကောင်းကောင်းဖြေနိုင်ခဲ့တယ်။ စစ်ကြည့်တော့ အမှားမရှိသလောက်နည်းတာမို့ Keita နဲ့အတူတူ အဆင့်တစ်အတွက် ရင်ခုန်ရတယ်။ ပိုရင်ခုန်ရတာက မက်သရူးရဲ့ အသစ်စက်စက်ဟျောင်း နှစ်ယောက်။ ကျူရှင်လာမတက်ရင် မျက်နှာပုတ်ပြီး စိတ်ကောက်ပြလို့ စာလုပ်နေတာမို့ ဟျောင်းနှစ်ယောက်လုံးကို အဆင့်တက်စေချင်တယ်။ စာလုပ်ကြတုန်းက x ကိုရှာပါဆိုတဲ့ မေးခွန်းတွေ့တိုင်း မေးခွန်းထဲက x ကို ဝိုင်းပြတဲ့ ဟျောင်းရယ်။ English စာမှာ anxious ကို action လို့ အသံထွက်တတ်ပြီး ကိုရီးယားဘာသာစကားမှာလည်း နိုင်ငံခြားသားထက်ကို ညံ့ကြတာမို့ မက်သရူးနဲ့ Keita က တစ်ယောက်ဆီခွဲပြီး စာလုပ်ကူရတယ်။
---+++++---------++++
အဆင့်တွေဝေမယ့်ရက်ပဲ။ ဂျီ၀န်းနည်းနည်းတောင် ရင်တုန်နေတယ်။ အရင်ကလို ရချင်တဲ့ အဆင့်ရပါစေ ဂျီ၀န်းက အေးဆေး။ အိမ်မှာလည်း ဂျီ၀န်းကို ဆူရဲပူရဲတဲ့သူမရှိ။ ခုတော့ ထစ်ခနဲ့ရှိ ဂျစ်နေတဲ့ တစ်ဖက်သတ်ချစ်ရတဲ့ မက်ချူးကြောင့် အဆင့်ကျမှာ ကြောက်နေတယ်။ ဂျုံဝူးကတောင်
"ရင်တုန်လိုက်တာ"
"မင်းက ဘာလို့လဲ"
"မက်သရူးကို လုပ်ပြချင်လို့"
ဂျုံဝူးနဲ့သူက မွေးကတည်းက သူငယ်ချင်းပင်။ ဒီတစ်ခါတော့ သူ ဂျုံဝူးကို နည်းနည်း ပြိုင်ဖက်ဆိုတဲ့ ခံစားချက်မျိုး ၀င်လာတယ်။ Keita ကိုရော။ ဂျီး၀န်း မက်သရူးခုံရှေ့သွားပြီး
"ဟျောင်း အဆင့်တက်ရင် ဘာပေးမှာလဲ"
"ဟျောင်းကလား အဆင့်တက်မှာ"
ကြည့် ဂျစ်ပုံက။ ဟုတ်တော့လည်း ဟုတ်နေတာပေမယ့် ဂျီ၀န်းက
"တက်ခဲ့ရင်ကွာ"
"၁၀၀ ထဲ၀င်ရင်"
"ဘာဖြစ်ဖြစ်လား"
"အင်း"
ဂျီ၀န်း Time matching လုပ်ပြီး အချိန်တောင်နောက်ပြန်လှည့်လိုက်ချင်တယ်။ အချိန်နောက်ပြန်လှည့်လို့ မရပေမယ့် လူကတော့ နောက်ပြန်လှည့်လိုက်ရပါတယ်။ အတန်းပိုင်ဆရာမ ရောက်လာပြီမို့
"ဆရာမတို့ အခန်းက တစ်ကျောင်းလုံး ပထမ ရှိတာ သိတယ်လား"
"ဝိုး Keita"
"ထပ်ပြီး Keita ပဲလား။ ဝါး"
ဆိုတဲ့ အသံတွေ ထွက်လာတယ်။ ဆရာမက ခုံကို လက်နဲ့ပုတ်လိုက်ပြီး ငြိမ်သွားတော့မှ"ဒီအပတ်မှာတော့ အပြောင်းအလဲရှိတယ်"
ဆရာမ စကားဆုံးတာနဲ့ Keita က မက်သရူးလက်ကို ကိုင်လိုက်တာ ဂျီ၀န်းမြင်လိုက်တယ်။ အာ ဒီကောင်ကတော့။
"အခုအပတ်မှာတော့ ဆရာမတို့အခန်းက တစ်ကျောင်းလုံးပထမကို ပူးတွဲ Keita နဲ့ ဆော့ဝူဟျွန်းက ရပါတယ်"
ဝါ လက်ခုတ်သံတွေထဲ ဂျီ၀န်း လက်ခုတ်သံက အကျယ်ဆုံးဖြစ်မယ်ထင်။ ဆရာမကပဲ ဆက်ပြီးတော့
"တစ်ကျောင်းလုံးနောက်ဆုံးနေရာကိုလည်း ဆရာမတို့အခန်းက မရတော့ပါဘူး"
"ဝါးယွန်ဂျုံဝူး" ဆိုတဲ့ အော်သံကြားတော့ ဂျုံဝူးက သူရင်ဘက်ကိုသူ လက်နဲ့ပုတ်ပြီး ငါပဲလေဆိုတဲ့ အထာနဲ့လုပ်ပြတယ်။ အဆင့်စာရွက်တွေ ဝေတော့ ဂျီ၀န်း မကြည့်ရဲ။ အတန်ကြာမှ ကြည့်လိုက်တော့ သူ့မျက်လုံးကိုပင် သူမယုံ။ ဂင်ဂျီ၀န်းက အဆင့်ငါးဆယ်ရတာတဲ့။ ဆော့ဝူဟျွန်း ငါတို့က ရှောင်လို့မရတဲ့ ကံပါလာပြီးသားထင်တယ်။
ပိတ်ရက်မှာ တွေ့ဖို့ မက်သရူးကို ချိန်းထားတာမို့ တစ်ပတ်လုံး ပျော်နေရတယ်။ တွေ့တဲ့နေ့ကြရင် မက်သရူးကို ချစ်တဲ့အကြောင်းပြောမယ်။ ပိ့စိ့က ဂျစ်တိုက်ရင် အများကြီးချော့မယ့်အတွေးတွေနဲ့ပျော်ရတယ်။ ရည်းစားတွေဖြစ်ရင် ဆော့မက်ရူးကိုပဲ ကိုးကွယ်မှာ။
YOU ARE READING
No need to love again
Fanficဒါလေးက မက်ချူးလေးနဲ့ ဂျီ၀န်းဟျောင်း fic လေးပေမယ့် Keita နဲ့ ဂျုံဝူးတို့ကိုပါ မက်ချူးလေးနဲ့ moment လေးထည့်ထားပါတယ်။