Part 3

465 65 3
                                    

"ဟျောင်းလို့တော့ ခေါ်ပေးမယ်။ ထူးချင်တဲ့သူ ထူး"

မက်သရူးက ဂျစ်လိုက်တယ်။

"ဟျောင်းလို့ ခေါ်ရင် အဲ့ဒါငါပဲ"

ဂျီ၀န်းဟျောင်း စကားဆုံးတာနဲ့ ဂျုံဝူးဟျောင်းက ငါကရော ဆိုတဲ့ သဘောနဲ့ သူ့ရင်ဘတ်ကိုသူ လက်ညှိုးနဲ့ထိုးမေးတယ်။

မှတ်စု ကူးပြီးလို့ မက်သရူးစာကြည့်မယ်ဆိုပြီး စာအုပ်ကို ယူလိုက်တယ်။

"တကယ်ကို အဆင့် 139ပဲ"

ကနေဒါသား မက်သရူးထက်တောင် ကိုရီးယာစား အရေးအသားရော လက်ရေးရော ညံ့လိုက်တာလို့ ပြောရင်တောင် မလုံလောက်။ ဂျုံးဝူးဟျောင်းလည်း ပြန်သွာပေမယ့် ဂျီ၀န်းဟျောင်းကတော့ မပြန်သေးဘဲရှိကာ

"ဟျောင်း ပြန်တော့လေ။ ကားလာမကြိုသေးဘူးလား"

"ဒီမှာအိပ်မှာ"

မက်သရူး လန့်သွားတယ်။ သူတို့ဆက်ဆံရေးက ဒီလောက်မြန်မြန် ရင်းနှီးဖို့မလို။

"အာ ဟျောင်း ရပါတယ်"

မက်သရူးစကားကို အလေးမထားဘဲ ဆိုဖာပေါ် အိပ်ဖို့ပြင်နေတဲ့ ဂျီ၀န်းဟျောင်းကို မတားသာ။ မက်သရူး စာအုပ်ကိုယူပြီး စာကြည့်ဖို့ပြင်လိုက်တယ်။ အစမ်းစာမေးပွဲက နီးပြီ မဟုတ်လား။

တစ်ရေးနိုးတော့ မက်သရူးကုတင်ပေါ်မှာ ကပ်အိပ်နေတဲ့ ဟျောင်းကိုတွေ့တော့ မက်သရူးသနားသွားတယ်။ ဆိုဖာပေါ်ကို သူဌေးသားလေး ဘယ်အိပ်တတ်ပါ့မလဲ။

"ဟျောင်း ဒီဘက်နည်းနည်းတိုးလေ"

"ဟင် အင်း"

ဂျီ၀န်းဟျောင်းက မက်သရူးဘက်ကပ်ကာ မက်သရူးကိုယ်လုံးလေးကို ဖက်လုံးလို သဘောထားဖက်လိုက်တာမို့ လူကောင်အရွယ်အစားအရ မက်သရူးက ဟျောင်းရင်ခွင်ထဲမှာ ပက်လက်လေးဖြစ်ကာ ဟျောင်းအသက်ရှူလိုက်ရင် ထွက်လေကို မက်သရူးအနီးကပ်ရနေတယ်။ လှုပ်လေ တိုးဖက်လေမို့ မက်သရူး ငြိမ်နေမိကာ ထူးထူးဆန်းဆန်း အရိုင်းဆန်နေတဲ့ ရင်ခုန်သံကို မက်သရူးရှက်လိုက်တာ။
---_++±+----_-

ညာတာပါတေးဖက်ပြီးမှ လွှတ်ပေးလိုက်ရမလားလို့ တွေးလိုက်ပေမယ့် လက်တွေကတော့ လွှတ်မိမှာစိုးပြီး ပိုဖက်ထားမိတယ်။ ‌လုံးလုံးအိအိကိုယ်လုံးလေးကို ခပ်တင်းတင်းဖက်ထားရင်း ကိုယ်သင်းနံ့ သင်းသင်းလေးကြောင့် ရင်ခုန်သံတွေ ကြားရမှာစိုးကာ တင်းသထက်တင်းအောင်း ဖက်ထားမိတယ်။ အိပ်ချင်ယောင်ဆောင်နေပေမယ့် ဂျီ၀န်းအိပ်မပျော်။ ခဏတော့ တွန်းကြည့်ပေမယ့် ငြိမ်ပြီး အိပ်ပျော်သွားတဲ့ ကောင်လေးရဲ့ နဖူးကို သာသာလေးနမ်းလိုက်တာက မြတ်နိုးခြင်းတွေအပြည့်။ မင်းက ငါ့အပိုင်ပဲ ဆော့ဝူဟျွန်း။

No need to love againWhere stories live. Discover now