ဟျောင်းဆီက ချစ်တယ်လို့ ဖွင့်ပြောခံလိုက်ရတာက မက်သရူးနားထဲ မိုးကြိုးပစ်ခံရသလို။ မဖြစ်သင့်ဘူးဆိုတာပဲ ခေါင်းထဲစွဲနေပြီး ခေါင်းကို တွင်တွင်ခါမိတယ်။
“ဟျောင်း ယောက်ျား အချင်းချင်းကြီး”
“မင်းက ယောက်ျားလေးဖြစ်နေလို့ ဂရုမစိုက်ဘူး ဆော့မက်သရူး။ ဟျောင်းက ဒီတိုင်း မင်းကို ချစ်တယ်။ ဟျောင်းအချစ်က ဘာမှမပြောင်းလဲဘူး”
“ ဟျောင်း ဟျောင်းဘက်က မပြောင်းလဲဘူးဆိုရင်တောင် ကျွန်တော်လက်ခံဖို အချိန်လိုတယ် ဟျောင်း။ ဒါကြီးက”
“မက်သရူးဘက်က အချိန်လိုတာကို ဟျောင်းလက်ခံပါတယ်။ ဒါပေမယ့် မက်သရူးကိုယ့်ကိုယ်ကို ညာဖိုအချိန်လိုနေတာဆိုရင် ဟျောင်းလောရလိမ့်မယ်။ ကိုယ်တို့ ဘာကိုမှ မတွေးဘဲ ဒီတိုင်း အချစ်ကို အချစ်လိုပဲ မြင်လို့မရဘူးလား”
မက်သရူး ဆွံ့အသွားတယ်။ အနေအေးတဲ့ မက်သရူးက ဟျောင်းကိုဆို အလွန်အမင်း ဂျစ်တိုက်မိတာတွေ ဟျောင်းက တခြားသူကို အလေပေးမယ့် အရိပ်ယောင်မြင်တာနဲ့ သဝန်တိုပြီး ဂျစ်တာတွေ စတဲ ပုံမှန်မဟုတ်တဲ့ စိတ်ကို မက်သရူး မရိပ်မိပဲနေပါ့မလား။ ဝန်မခံချင်လည်း မက်သရူးအပြုအမှုတွေက တောက်လျှောက် ဝန်ခံထားနေတာကို မက်သရူး ဘယ်လိုငြင်းရမလဲ။ ဒါပေမယ့်လည်း ဟျောင်းအတွက် မက်သရူးသေချာပေါက် ငြင်းရမယ်လေ။ မက်သရူးက ဟျောင်းဘေးမှာ အကြာကြီးမှ ရှိနေနိုင်မှာ မဟုတ်ဘဲ။
“ဟျောင်း သိတယ်မလား။ ကျွန်တော်က ဒီမှာ အထက်တန်းပြီးတာနဲ့ ကနေဒါပြန်မှာဆိုတာ”
“နောင်ရေးအတွက် အစီစဉ်ဆွဲနေတာမဟုတ်ဘူး မက်ချုး၊ ဟျောင်းက မင်းကို ချစ်ပြီးတော့ မက်ချူးက ဟျောင်းကို ပြန်ချစ်တာပဲ လိုချင်တာ။”
ဟျောင်းစကားတွေကို မက်သရူး ပြန်မဂျစ်နိုင်တော့။ မက်သရူးရင်ထဲမှာလည်း ဟျောင်းအတွက် ခံစားချက်က အစိုင်အခဲကြီးကြီးမားဖြစ်တည်နေတာ မဟုတ်လား။
“တစ်ခုတော့ ရှိတယ်။ ဟျောင်းနဲ့ မက်သရူးကိစ္စကို ဘယ်သူမှ မသိစေချင်ဘူး။ အယုတ်စွဆုံး Keita ရော ဂျုံဝူးဟျောင်းကိုရော”
![](https://img.wattpad.com/cover/339138290-288-k113502.jpg)
YOU ARE READING
No need to love again
Fiksi Penggemarဒါလေးက မက်ချူးလေးနဲ့ ဂျီ၀န်းဟျောင်း fic လေးပေမယ့် Keita နဲ့ ဂျုံဝူးတို့ကိုပါ မက်ချူးလေးနဲ့ moment လေးထည့်ထားပါတယ်။