No need to love again

1K 83 8
                                    

ဒီနေ့ ပထမဆုံးကျောင်းတက်ရမယ့်နေပဲ။ မနေ့ညကတည်းက ရင်တွေခုန်လို့ ကောင်းကောင်း မအိပ်ရပေမယ့် မက်သရူးလန်းဆန်းနေတယ်။ ကျောင်း၀တ်စုံ၀တ်ပြီး ပြင်ဆင်ကာ အောက်ဆင်းလာတော့ ဆမ်းချွန်းက မနက်စာ အသီးနဲ့ ဖျော်ရည်ပြင်ပေးထားတယ်။

"မက်သရူး ဆမ်းချွန်း ကျောင်းကို လိုက်ပို့ဖိုလိုသေးလား"

"ရတယ် ဆမ်းချွန်း ကျွန်တော်ဘာသာပဲ သွားလိုက်မယ်"

မက်သရူး မနက်စာ အသီးကို ပလုတ်ပလောင်းစားရင်း ပြန်ဖြေလိုက်တယ်။

"မက်သရူးတက်ရမယ့်ကျောင်းမှာ နည်းနည်းနာမည်ကြီးတဲ့ လူဆိုးလေးတွေ ရှိတယ်တဲ့။ တစ်ခုခုဆို ဆမ်းချွန်းကို ပြောနော်။ ကျောင်းမှာ တစ်ခုခုဆို အတန်းပိုင် ဆရာမကို သွားတိုင်နော်"

"မက်သရူးသည် ကလေးမဟုတ်တော့"

မက်သရူးက ဆမ်းချွန်းကို စရင်း  အအေးသောက်လိုက်တယ်။

"မင်းအမေ ငါ့အစ်မက မင်းတစ်ခုခုဖြစ်ရင် ငါ့ကို သေအောင်သတ်မယ့်ပုံ ကြိမ်းသွားလို့ဟေ့"

မက်သရူး ရယ်လိုက်တယ်။ ဆမ်းချွန်းက မေမေ့‌ေမာင် လူပျိုကြီးမို့ မမနဲ့ မက်သရူးကိုပဲ အချစ်ပိုတတ်သူ။ ဖေဖေအလုပ်ကိစ္စနဲ့ ကနေဒါကို ပြန်ရဖို့ ဖြစ်လာတော့ မေမေနဲ့ မမက ပြန်လိုက်သွားပြီး မက်သရူးကတော့ ဒီမှာပဲ ကျောင်းပြီးအောင်တက်မှာမို့ ဆမ်းချွန်းဆီမှာ အပ်ခဲ့ခြင်းပင်။ ဆမ်းချွန်းကို အပို့အကြို အလုပ်မပိုစေချင်တာကြောင့် အရင်နေခဲ့တဲ့ကျောင်းကနေ အခုတက်မယ့် ကျောင်းကို ပြောင်းလိုက်တာ။

"ဆော့မက်သရူး ယနေ့ မနက်စာစားပြီး ကျောင်းသွားပါတော့မယ် ခင်ဗျ"

မက်သရူးက ထမင်းစားဝိုင်းက ထကာ ဆမ်းချွန်းကို စနောက်ရင်း ပြောတော့ ဆမ်းချွန်းက ရယ်ကာ

"ပထမဆုံး ကျောင်းတက်ရက်အတွက် ဆမ်းချွန်းပေးတဲ့ လက်ဆောင်ပါ ခင်ဗျာ"

ဆမ်းချွန်းက အတိုင်အဖောက်ညီ နောက်ရင်း မက်သရူးဆီကို အထုတ်တစ်ထုပ် ကမ်းပေးတယ်။ မက်သရူးဖောက်ကြည့်တော့ ရေမွှေးဖြစ်နေကာ ချက်ချင်း ဆွတ်ကြည့်လိုက်တယ်။

No need to love againWhere stories live. Discover now