Part 5

498 34 5
                                    

"ကိုကို...ကျွန်တော် ကျောင်းဆက်မတက်ချင်တော့ဘူး...ရွာမှာပဲ့ လယ်စိုက်စားတော့မယ်"

"ဘာလို့လဲ...ထယ်ရယ်..."

ပါးနဲ့မား မရှိတော့ ထယ်ယောင်းမှာ မိသားစုဆိုလို့ ကိုကိုတစ်ယောက်ပဲ့ရှိတော့သည်။ကိုကို ကလဲ ကျောင်းတစ်နှစ်ကျန်နေသေးသည်။ကျောင်းပြီးတာနဲ့ တာ၀န်ကျဆေးရုံက ဘူဆန်မှာမို့ ထယ်ယောင်းကိုကိုနဲ့အတူ တိုက်ခန်းငှားကာ လိုက်နေသည်။ကိုကိုရတဲ့ လုပ်အားခက ဘယ်လောက်မှ မရှိသည်မို့ ထယ်ယောင်း အားနာနေရသည်။ကိုကိုနဲ့အတူလိုက်‌ေနတာ တစ်ပတ်လောက်ပဲ့ရှိသေးသည်။ထယ်ယောင်း အိမ်ပြန်ချင်နေမိသည်။ခုလဲ ညနေဖက် ကိုကို အိမ်မှာ နားရက်မရှိကွန်ပျူတာတစ်လံုးနဲ့ အလုပ်ရှုပ်နေတုန်း ထယ်ယောင်းပြောသည်။သူ့ကြောင့် ကိုကို ပိုပင်ပန်းနေရမှာ သူမဖြစ်စေချင်ပေ။

"ကျွန်တော် မတက်ချင်လို့ပါ...ပြီးတော့ ကျွန်တော်တို့မှာ လယ် လဲရှိနေသေးတာပဲ့...ခုချိန်ဆို လယ်စပါးတွေ ရိတ်ရလောက်ပြီ..ကျွန်တော် ကျောင်းမတက်ရလဲ ဘာမှမဖြစ်သွားလောက်ပါဘူး..."

"မရဘူး ထယ်ယောင်း....ရွာက ကိစ္စ ကို ငါ့တာ၀န်ထား ....မင်း ဘာမှ ပူနေစရာမလိုဘူး...ရွာလဲ မသွားရဘူး...ဒီမှာပဲ့နေရမယ်...."

"ကျွန်တော် ဒီမြို့မှာ မနေချင်ဘူးဗျ"

"ဘာလို့မနေချင်ရတာလဲ ...ဒီမြို့က ဘာဖြစ်နေလို့လဲ....အစစအရာရာအကုန်အဆင်ပြေနေတာပဲ့..."

"ဒီက မြို့သားတွေကို ကြည့်မရဘူး"

"အော်...ထယ်ယောင်းရယ်...မြို့ကြီးပြကြီးပဲ့လေ မင်းထင်သလိုလဲ မဟုတ်ပါဘူး...ဒီက မြို့သားတွေက မခွဲခြားတတ်ပါဘူး ...မြို့သားတွေမပြောနဲ့ ၀န်ကြီး က တောင် မခွဲခြားဘူး တန်းတူဆက်ဆံတာ"

"ဗျာ....ဟုတ်လို့လား ကိုကို..."

"ဟုတ်တယ်...ထယ်ယောင်းရယ်....ကြာလာရင် မင်း နေပျော်လာမှာပါ နော်....ပြီးတော့ မင်းကျောင်းဆက်တက်ရမယ်...ပါးနဲ့မားကို ကိုကိုကတိပေးထားတယ်....မင်း ကိုကို့ကို အားနာစရာမလိုဘူး....ကိုကို မင်းကိုရှာကျွေးနိုင်ပါတယ်...."

ထယ်ယောင်း ကိုကို အကြောင်း ကောင်းကောင်းသိသည်။ထယ်ယောင်း ဘယ်နည်းဘယ်ပုံပဲ့ပြောပြော ကိုကိုကတော့ အလျော့ပေးဟန်မပေါ်။ထယ်ယောင်းဘာမှ ပြန်မပြောနိုင် ကိုကို့ ပေါင်ပေါ်က ကွန်ပျူတာကိုသာ တွေတွေလေး ငေးနေမိသည်။ဒါကို နမ်ဂျွန် သတိထားမိလေတော့

Opposite....🍁🍁Nơi câu chuyện tồn tại. Hãy khám phá bây giờ