Part 7

491 41 2
                                    

"ကိုကို...ကျွန်တော် ဘူဆန်မှာ ကျောင်းတက်ရမှာလား"

"အင်း..ဟုတ်တယ် ထယ်လေး....အစိုးရအထက်တန်းကျောင်းမှာ တက်ရမယ်နော်"

"ဟုတ်ကဲ့..."

"သိမ်းစရာရှိတာတွေအကုန်သိမ်းထားလိုက်...ကိုကို လယ်ထဲ ခနဆင်းကြည့်လိုက်အုံးမယ်"

"ဟုတ်"

ဘာလိုလိုနဲ့ ထယ်ယောင်း ဘူဆန်မှာ နေတာ တစ်လတောင်ပြည့်လို့နေပြီ။နောက်လဆို ကျောင်းတက်ရမှာမို့ ထယ်ယောင်း  ရွာကို သတိရလာတာကတစ်ကြောင်း လိုအပ်တဲ့ပစ္စည်းတွေ ယူချင်တာကတစ်ကြောင်း ကိုကိုနဲ့တူတူ ရွာကို သွားဖြစ်သည်။

"ပါးနဲ့မားရေ....ကျွန်တော် အဆင်ပြေတယ်နော်...."

ကိုကို လယ်ထဲ ဆင်းနေတုန်း ထယ်ယောင်း ဖုန်ထနေသော အိမ်လေးကို သန့်ရှင်းရေးလုပ်သည်။စားပွဲပေါ်က စာအုပ်လေးထဲညှပ်ထားတဲ့ ပါးနဲ့မား ပုံလေးကို ထယ်ယောင်း ကြည့်ရင်း စကားတွေလဲ ပြောနေမိသည်။အိမ်နဲ့လယ်အတွက် အဆင်ပြေမှုရှိအောင် ရွာက ဦးလေးကြီးတစ်ယောက်ကို ငှားကာ ကြည့်ခိုင်းထားခဲ့သည်။ထယ်ယောင်း သိမ်းစရာရှိတာ သိမ်းပြီးတာနဲ့ အိမ်ပတ်ပတ်လည် ပတ်ကြည့်နေလိုက်သည်။

"လွမ်းလိုက်တာ ...ဒယ်ဂူရေ...."

ကျောင်းသွားချိန်တိုင်း ရေလောင်းပေးဖြစ်တဲ့အိမ်ရှေ့မှာ ပေါက်နေသော ချယ်ရီပင်ကြီးတောင် အတော်ကြီးနေလေပြီ။ချယ်ရီပင်အောက်မှာ ထယ်ယောင်း ခုံလေးတစ်လုံးယူကာ ထိုင်လိုက်သည်။

"အင်း...ဘူဆန် အစိုးရအထက်တန်းကျောင်း...မဆိုးပါဘူး...အနည်းဆုံးတော့ Park Jimin ဆိုတဲ့ ကောင်နဲ့ မတွေ့ရဘူးပေါ့....တော်တော်အီစီကလီ နိုင်တဲ့ အကောင်....ဟွင်း"

ဂျီမင်လို သူဌေးသားမျိုးတွေက အဆင့်မြင့်ကိုယ်ပိုင်ကျောင်း တွေမှာပဲ့ တက်မယ်လို့ ထယ်ယောင်းထင်သည်။သင်တန်းတက်နေတဲ့ကာလ တစ်လျှောက်လုံး ထယ်ယောင်း ဂျီမင်ကြောင့် တော်တော်စိတ်ညစ်နေရသည်။

"လူပု....စကားများ ....."

ထယ်ယောင်း မျက်နှာကြီးရှုံ့ကာ အံကြိတ်ပြောနေမိသည်။သိပ်လဲအမြင်ကပ်စရာကြီးပင်။သူဂျီမင်အကြောင်းတွေးနေတာ တော်တော်ကြာသွားသည်။

Opposite....🍁🍁Where stories live. Discover now