Part 8

502 40 4
                                    

"အားလုံးပဲ့...ကျွန်တော့ကို ခင်ပေးကြပါအူး..."

ထယ်ယောင်း သူ့ဆီက အကြည့်ကို ချက်ချင်းခွာကာ တခြားဖက် လှည့်ရင်း ပြောလိုက်သည်။

"ဟင်း.....မာနတော့ ရှိသား...."

ဂျွန်ဂျောင်ဂု မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

"ထယ်ယောင်းရေ ထိုင်ချင်တဲ့ခုံမှာ ၀င်ထိုင်နော် ....ဟိုးထောင့်က တစ်လုံးလွတ်နေတယ်"

ဆရာမ ပြောပီး အခန်းထောင့်နား တစ်လုံးတည်းလွတ်နေတဲ့ စားပွဲခုံကို လက်ညိုးထိုးပြသည်။

"ဟေ့ကောင် ...ဂျီမင် ...မင်းနဲ့သူနဲ့က သိတယ်မလား ကျောင်းသားသစ်ဆိုတော့ သူ့ကို မင်းဘေးနားမှာ ထိုင်ခိုင်းလိုက် ..."

"မင်းကရော ဘယ်မှာ သွားထိုင်မှာ?"

"ထောင့်မှာ ခုံရှိတယ်လေကွဲ့....ကဲ ငါသွားပြီ...သူ့ကို ခေါ်လိုက်"

"ကျွန်တော် ဟိုထောင့်က ခုံမှာပဲ့ ထိုင်လိုက်မယ် ဆရာမ..."

ဂျောင်ဂုပြောပြီး လွယ်အိတ်ကောက်လွယ်ချိန် ထယ်ယောင်း ဆရာမကို ပြောသည် ။

"အာ ...ဘယ်ရမလဲ ထယ်ယောင်းရယ်....ဂျီမင်ဘေးက ခုံဆို အဆင်ပြေတယ်..."

"ကျွန်တော် ဟိုမှာပဲ့ထိုင်မှာပါ"

"လျှာကြောရှည်နေသေးတယ် ...ဆရာမက ထိုင်ဆို ထိုင်လိုက်ပေါ့....ဒုက္ခပဲ့...ဘယ်လိုလူတွေနဲ့ လာတွေ့နေတာလဲ မသိဘူး...."

"ဒါ မင်းနဲ့ ဆိုင်လို့လား...."

"အံမာ....."

"အင်းပါ‌ဟယ်...တော်ကြပါတော့...ငါ့ရှေ့တောင် မရှောင်ကြဘူး...ဂျောင်ဂု ...မင်း ဒီမှာပဲ့ ထိုင်နေလိုက်တော့...ထယ်ယောင်း ..သား ဟို မှာ ထိုင်ချင်တယ်မလား...သွား ထိုင်တော့ ဆရာမစာသင်ရမယ်"

"ဟုတ်...."

ကြားထဲ ဆရာမ ပဲ့ တားကာပြောရသည်။ထယ်ယောင်းနဲ့ ဂျောင်ဂု တစ်ယောက်ကိုတစ်ယောက် မျက်စောင်း ခဲ ကာ ခုံမှာ ထိုင်လိုက်ကြသည်။ဂျီမင်ကတော့ ဘာမှ မပြောနိုင် ထိုင်ကြည့်နေရရှာသည်။စာသင်ချိန်တိုင်း သူတို့ စာကိုပဲ့ အာရုံစိုက် နားထောင်သည်။စာကြိုးစားကြသည်။နေ့လည်ထမင်းစားချိန်ရောက်တော့ အတန်းသားတွေအားလုံး ထမင်းစား ထွက်သွားကြလေသည်။ထယ်ယောင်း ကိုကို ပြင်ဆင်ပေးထားတဲ့ ထမင်းဗူးလေးကို ထုတ်လိုက်သည်။

Opposite....🍁🍁Where stories live. Discover now