Part 17

358 21 6
                                    

ကဲ....လာပါပြီ....…...🍓

"အာ.....မုန်လာဥကြီးပါလား....ဟင့် ကိုကိုကလဲ ကျွန်တော် မုန်လာဥ မကြိုက်ပါဘူးဆို ....ဟင်းးးး"

ထမင်းနဲ့ ဘေးနား ညီညီလေးကပ်သိပ်ထားသော မုန်လာဥကြော်တချို့..။

မနက်ပိုင်းစာသင်ချိန်ပြီးလို့ နေ့လည် ထမင်းစားချိန်ရောက်တော့ အတန်းထဲက ကျောင်းသားတွေကိုယ်စိကိုယ်စီ ထမင်းစားဆင်းကြသည်။အိမ်ဝေးလို့ ထမင်းဗူးယူလာသော ထယ်ယောင်း တစ်ယောက်သာ အခန်းထဲ ရှိသည်။ဗိုက်ကလဲ ဆာနေတာမို့ ထမင်းမြိန်မြိန်စားဖို့ ကိုကိုပြင်ဆင်ပေးထားတဲ့ ထမင်းဗူးလေးကို အမြန်ဖွင့်လိုက်ကာမှ မြင်လိုက်ရတဲ့ ဟင်း ကြောင့် ထယ်ယောင်း စားချင်စိတ်ပါပျောက်ရသည်။

"ကိုကို က လဲ ကျွန်တော် မုန်လာဥကြော် မကြိုက်တာ သိရက်နဲ့ ဟူး"

လကုန်ခါနီးဆို နမ်ဂျွန် အဲလိုမျိုးလုပ်တတ်သည်။ချမ်းသာတဲ့ အသိုင်းအဝိုင်းက မဟုတ်တော့ ရတဲ့လစာနဲ့လောက်ငှအောင် ချွေတာစားနေရသည်။ဒါကို ထယ်ယောင်းသိပါသည်။

"ဆီနဲ့ဆားနဲ့ နယ်စားတာမှ စားကောင်းအုံးမယ် ...ဂျောင်ဂုနဲ့ဂျီမင်တို့များကံကောင်းလိုက်တာ ခုလောက်ဆို သူတို့ ဘုရင့်စားပွဲကြီးနဲ့စားနေရမှာ ဟူး....သာမန်လူတန်းစားဖြစ်တော့လဲ အဲလောက်တော့ရှိရမာပေါ့ ထယ်ယောင်းရယ်"

ထယ်ယောင်းတစ်ယောက် စိတ်ညစ်ညစ်နဲ့ တယောက်တည်း ပြောချင်သလိုပြောနေသည်။ကိုကို့ကိုလဲ သူအပြစ်မမြင်ရက်ပါ။သူ့ဘ၀ကိုသူ နားလည်တယ်လေ။ထယ်ယောင်းတစ်ယောက် ဇွန်းလေးကို ကိုင်ကာ ထမင်းနဲ့ ပါလာသော မုန်လာဥကြော် မွှေးမွှေးလေးကို ထိုးဆွနေသည်။

"ထမင်းစားပီးပီလား ထယ်ယောင်း"

"ဟင် ....ဂျောင်ဂု"

ရုတ်တရက် ကြားလိုက်ရတဲ့အသံကြောင့် ထယ်ယောင်း ခေါင်းလေးထောင်ကာ လှည့်ကြည့်လာသည်။စိတ်ညစ်တာတွေတောင် ဘယ်နားရောက်မှန်းမသိ။အဖုံးဖွင့်ထားထမင်းဗူးလေးကို ဂျောင်ဂု မမြင်အောင် အမြန် ဆွဲပိတ်လိုက်သည်။

"ဂျောင်ဂု မင်း အိမ်ဆင်း ထမင်းစားသွားတယ်မဟုတ်ဘူးလား"

"မဟုတ်ပါဘူး ဖုန်းသွားဆက်တာ"

Opposite....🍁🍁Where stories live. Discover now