Part 9

489 41 3
                                    

"ဂျောင်ဂုရေ...ကင်မ်ထယ်ယောင်းလေးက မမိုက်ဘူးလား"

"ဘယ်ကသာ ...ငါ့လောက်ချောလို့လား...သူ့လိုသာမန်ကောင်လေးက ငါ့ခြေဖျားလေးတောင်မမှီတာများ..."

"ဟေ့ကောင်...မင်း လူတစ်ဖက်သားကို အဲလောက်ကြီးတောင်ပြောရသလား...မင်းအဖေက ပြည်ထဲရေး၀န်ကြီးနော်...လူကြားလို့တောင်ကောင်းမနေဘူး"

"ငါ့အဖေ၀န်ကြီးဖြစ်တော့ရော ဘာဖြစ်လဲ...ငါက အမှန်ကိုအမှန်တိုင်းပြောတာပဲ့..."

"သူက ချစ်စရာလေးပါကွာ...ငါသူနဲ့ ခင်ချင်တာ"

"အမယ်..အကြောမတည့်တဲ့ကောင်ကိုများ ...မင်းက ခင်ချင်နေသေးတယ်ပေါ့လေ...ပတ်ခ်ဂျီမင်ရှီး...ငါတော့ သူနဲ့ ပေါင်းမနေဘူး..."

"သနားစရာလေးပါကွာ...မနေ့ကပဲ့ကြည့်...သူတစ်ယောက်တည်း ထမင်းဗူးလေးနဲ့ထမင်းစားနေတာ..."

"မသနားဘူးဟေး..မသနားဘူး...စာပဲ့ကျက်တော့မယ်...အချိန်ကုန်တယ်"

ဒီနေ့ ဂျောင်ဂုနဲ့ဂျီမင် ကျောင်းကိုအစောကြီးရောက်နေကြသည်။ကျောင်းဘေးနားက ကန်ဘောင်ရိုးပေါ် ထိုင်ကာ သူတို့ စာကျက်ရင်း ဂျီမင် ထယ်ယောင်းအကြောင်းစဉ်းစားမိလာတာနဲ့ စကားပြောဖြစ်သွားသည်။ဂျီမင် ထယ်ယောင်းကိုသဘောကျသည်။ထယ်ယောင်းနဲ့သူငယ်ချင်းဖြစ်ချင်သည်။သူရဲ့အချစ်ဆုံးသူငယ်ချင်းက ဂျောင်ဂုမို့ သူထယ်ယောင်းနဲ့သူငယ်ချင်းဖြစ်ချင်ကြောင်း ခွင့်တောင်းနေသလိုဖြစ်နေသည်။

"ဂျီမင်...အခြေအနေ မဟန်တော့ဘူး...ငါတို့ အထဲ၀င်ကြရအောင်...."

"အင်း......ဟေ...ကင်မ်ထယ်ယောင်း လာပြီ...."

အချိန်ခနကြာတော့ တဖြည်းဖြည်းကျောင်းသားကျောင်းသူတွေ တစ်ယောက်ပြီးတစ်ယောက် ကျောင်းထဲ၀င်လာကြသည်။သူတို့ဆီ လှည့်ကြည့်လှည့်ကြည့်လုပ်နေကြသည်မို့ ဂျောင်ဂု စိတ်ရှုပ်လာသည်။ကျောပိုးအိတ်လေးလွယ်ကာ ဂျီမင်ကိုပြောပြီး လှည့်ထွက်မည်အလုပ် ဂျီမင်စကားကြောင့် ဂျောင်ဂုခြေလှမ်းတွေရပ်သွားသည်။

"အရေးမပါတာ..."

ကင်မ်ထယ်ယောင်း...တစ်ဦးတည်းရှိတဲ့ ငါ့သူငယ်ချင်းကိုတောင် မင်းအလွတ်မပေးဘူးပဲ့...

Opposite....🍁🍁Opowieści tętniące życiem. Odkryj je teraz