"သား ဒီနေ့ အတန်းတင်စာမေးပွဲဖြေရမယ်မလား"
"ဟုတ်တယ်အဖေ"
"ဖြေနိုင်ပါစေနော် ငါ့သားက ဖြေနိုင်မှာပါ"
"ဟုတ်ကဲ့အဖေ ကျွန်တော် ဂုဏ်ထူးပါ ပါအောင် ဖြေခဲ့မယ်နော်"
"အင်းသား"
"အော် ဒါနဲ့ အဖေ ဒီနေ့ ခန့်နေပါလား သွားစရာရှိတယ်လား"
"အင်းသား....ဟောပြောပွဲတစ်ခုကို အဖေသွားရမာ...ဘာမှာ ဦးမလဲ အဖေဘာ၀ယ်ခဲ့ရမလဲ"
"ရပီဖေဖေ...ဘေးကင်းကင်းနဲ့သာ ပြန်လာခဲ့ပေးရင်ရပါပီ"
ဒီနေ့က အတန်းတင်စာမေးပွဲဖြေရက် ပထမနေ့ဖြစ်သည်။ကျောင်ဂု ကျောင်းသွားဖို့ပြင်ဆင်နေတုန်း ဖေဖေကလဲ အိမ်ပေါ်ကနေဆင်းလာသည်မို့ သက်တော်စောင့်တွေ ကိုယ်စီနဲ့ ရှိနေသည်မို့ ဖေဖေ ပွဲတစ်ခုခု တက်ရမာကို ဂျောင်ဂု သဘောပေါက်သည်။ဂျောင်ဂု ပြောနေရင်း အိမ်အပြင် ထွက်မည်အလုပ် ခြေလမ်းတွေ ရပ်သွားမိသည်။စိတ်ထဲတစ်ခုခု လေးနေသလိုခံစားလိုက်ရသည်။ဧကန္တ ဒါက ဖေဖေကြောင့် ဖြစ်ပေါ်နေသည်လား။
"ဖေဖေ...."
"အင်း"
အဖေဖြစ်သူ စာရွက်စာတမ်းတွေ လှန်ရင်း ပြောသည်။
"ဒီနေ့သွားမှဖြစ်မာလား"
"ဟောပြောပွဲ ပဲ့ သားရယ် သွားရမာပေါ့ ဘာဖြစ်လို့လဲ"
"ကျွန်တော့စိတ်တွေလေးနေတယ်"
"အော် ဖြစ်ရလေ ငါ့သားက စာမေးပွဲ မဖြေန်ုင်မှာ ကြောက်နေတာပေါ့ ...လာလာ ဖေဖေ ဖက်ထားပေးမယ်"
"မဟုတ်ဘူး ဖေဖေ ကျွန်တော် တကယ်စိတ်တွေလေးနေတာ"
"ဘာမှမဖြစ်ပါဘူး သားရယ် အရာအားလုံး အဆင်ပြေသွားမှာပါ နော် ...ကျောင်းနောက်ကျေတာ့မယ်လေ သွားတော့"
သားဖြစ်သူကို ရင်ခွင်လေးထဲထည့်ရင်း ကျောပြင်ကို လက်လေးနဲ့ပုတ်ကာ ပြောသည်။ဂျောင်ဂု ရင်ထဲမှာ နေလို့အဆင်မပြေ ။ စိတ်တွေလေးနေမိသည်။
"ဖေဖေ ...အဲပွဲ ပြီးတာနဲ့ အိမ်တန်းပြန်လာခဲ့နော် ...ဒီမှာ ဦးလေးကြီးတို့ "
YOU ARE READING
Opposite....🍁🍁
Romance"ဂျောင်ဂု...ထယ်ယောင်းက သိပ်လှတာပဲ့နော်...အရင်တည်းက အကြိုက်ချင်းတူတဲ့ မင်းနဲ့ငါက ဒီတစ်ခုတော့မတူတော့ဘူးထင်တာပဲ့...ငါသူ့ကို သေလောက်အောင်ကြိုက်တယ်..သူနဲ့ ချစ်သူဖြစ်ဖို့ မင်းကို အောင်သွယ်ခိုင်းမှရမယ် ..ဟီးဟီး.." Park Jimin "No...