အခန်း(၇)- အိမ်သစ်တက်ပွဲ

20 6 0
                                    

သုံးလခန့်ကြာမြင့်ပြီးနောက်...

နန်းထိုက်မဟာတော်ဝင်စံအိမ်ကြီး၏ ပြုပြင်မှုများအားလုံး ပြီးစီးသွားသဖြင့် ဂျွန်သည် သူ၏အိမ်သစ်တက်ပွဲသို့ အသိမိတ်ဆွေအချို့ကို ဖိတ်ကြားလိုက်၏။

စံအိမ်ကြီး၏ပတ်ပတ်လည်တွင် ဧကများစွာကျယ်ဝန်းသော ခြံကြီးရှိပြီး မြင့်မားသောတံတိုင်းများဖြင့် ကာရံထားသည်။ ဂျွန်က ယင်းတံတိုင်းများ၏ အရပ်ရှစ်မျက်နှာတွင် လုံခြုံရေးအတွက် စီတီဗီကင်မရာများကို စနစ်တကျတပ်ဆင်ထားသည်။

ခြံဝန်း၏ဂိတ်တံခါးမှာ နှစ်ချပ်ဟပ်သံတံခါးဖြစ်ပြီး လူ့အရပ်နှစ်ပြန်စာလောက်မြင့်၏။ တံခါးအပေါ်တွင်မူ မူလပုံစံအတိုင်းပင် နဂါးနှစ်ကောင်ပုံစံထွင်းထုထားသည်။ ဂျွန်က ယင်းနဂါးများ၏မျက်လုံးနေရာ၌ လျှို့ဝှက်ကင်မရာများတပ်ဆင်ထားလေသည်။

'... အိမ်ကြီးက ပြုပြင်လိုက်တော့ အရမ်းလှသွားတာပဲ၊ ဂိတ်တံခါးကြီးနဲ့တင် တော်တော်ကုန်ကျမှာပဲနော်...'

ကြွရောက်လာသူတိုင်းက အိမ်ကြီးကိုမမြင်ရသေးသည့်တိုင် ဂိတ်တံခါးကြီး၏အရှိန်အဝါနှင့်ပင် အံ့ဩချီးမွမ်းကုန်ကြသည်။

'... ဒီဘက်ကို ကြွပေးပါခင်ဗျာ...'

ဂိတ်ဝတွင် ဧည့်ခံကြိုဆိုရေး တာဝန်ကျသည့် အိမ်တော်ထိန်းများက ဧည့်သည်များကို စံအိမ်ကြီး၏ဧည့်ခန်းမ‌ဆောင်သို့ လမ်းပြခေါ်ဆောင်သွားကြသည်။

ဂိတ်ဝမှ စံအိမ်ကြီးသို့သွားရာလမ်းတစ်လျှောက်သည် အကွေ့အဝိုက်များနှင့်ဖြစ်ပြီး ဘေးပတ်လည်တွင်မူ စိမ်းစိုလှပသော မြက်ခင်းပြင်ကျယ်ကြီးနှင့် ပန်းခင်းငယ်များရှိလေသည်။ ခြံကျယ်လွန်းသည်ကြောင့် ဂိတ်ဝမှအိမ်သို့ရောက်ရန်ကပင် မနည်းလေးသွားရသေး၏။

စံအိမ်ကြီး၏နောက်ဘက်ရှိ ဉယျာဉ်ကြီးတွင်မူ ဂျွန်က ပျက်စီးနေသောရုပ်ထုများကို ပြုပြင်ကာ ပြန်လည်နေရာချထားပြီး သစ်ပင်ပန်းမာန်များဖြင့် အလှဆင်ထားလေသည်။ နဂိုက ဆီမီးထွန်းရသည့် ကျောက်သားမီးအိမ်များထဲတွင် ယခုမူ ခေတ်မီဖန်မီးလုံးလေးများက နေရာယူထား၏။ ဉယျာဉ်ကြီး၏အလယ်တွင် ရေကန်ငယ်တစ်ခုရှိပြီး နဘေး၌မူ ဖန်အမိုးမိုးထားသည့် နားနေဆောင်ငယ်လေးတစ်ခုရှိသည်။

အသူရာစံအိမ်Opowieści tętniące życiem. Odkryj je teraz