မနက်စောစောစီးစီး စက်ဘီးလေးတစ်စီးက ကျောင်းဝန်းအတွင်းသို့ လေအလျှင်အမြန်ဝင်ရောက်လာခဲ့သည်။လက်ထဲတွင်လည်း chocolate milkနဲ့ပဲပေါင်မုန့်ကိုကိုင်ထားသေးသည်။
အတန်းခေါင်းဆောင်ဖြစ်နေသည့်အတွက် အခန်းတံခါးသော့ကိုကိုင်ဆောင်ခွင့်ရသည့်တာဝန်မှာဆောင်းဟန်ဘင်းအတွက် ကောင်းကျိုးတစ်ခုဖြစ်လာခဲ့သည်။အားလုံးထက်စောပြီး ကျောင်းကိုလာရပေမယ့် အိပ်ယာထနောက်ကျလို့ မနက်စာမစားခဲ့ရသည့် ကောင်လေးတစ်ယောက်အတွက် chocolate milkနဲ့ ပဲပေါင်မုန့်ကိုထိုင်ခုံပေါ်တွင် တိတ်တခိုးထားပေးရသည်မှာ သူ့အတွက်ပျော်စရာတာဝန်လေးပင်ဖြစ်၏။
အရင်နေ့တွေလို chocolate milkကကျောင်းကဆိုင်မှာဝယ်မရသဖြင့် ကျောင်းအနီးနားရှိ mini marketမှာသွားဝယ်ရတာကြောင့် အရင်နေ့များထက်အနည်းငယ်နောက်ကျသွားတော့ ဟန်ဘင်းဇောချွေးများပင်ပျံနေပြီဖြစ်သည်။
ဟန်ဘင်းစက်ဘီးကိုရပ်နားဆောင်တွင်ထိုးပြီးအတန်းရှိရာသို့အမြန်ပြေးကာ အခန်းတံခါးကိုအမြန်ဖွင့်ရသည်။ကံကောင်းစွာဖြင့် အခန်းရှေ့တွင် ရပ်စောင့်နေသည့်တစ်ဦးတစ်ယောက်မှမရှိသေးချေ။
ဟန်ဘင်းထိုအခါမှသက်ပြင်းချလိုက်ပြီး သူ့ရဲ့အရှေ့ခုံမှာ chocolate milkနဲ့ပဲပေါင်မုန့်ကိုတင်ကာ သူမဟုတ်သလိုပင် ကိုယ့်ခုံမှာကိုယ်ပြန်ထိုင်နေလိုက်သည်။
၁၅မိနစ်လောက်ကြာတော့အတန်းတွင်းသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြတော့သည်။
"မက်သရူးနောက်ကျပြန်ပြီလား!"
တီချယ်ရဲ့ခပ်စူးစူးအသံကြောင့် အိပ်ငိုက်နေတဲ့ ဟန်ဘင်းရဲ့ကျောလေးအလိုလိုမတ်သွား၏။
သူလာပြီ!
"မနေ့ညက စာလုပ်ရင်းအိပ်ပျော်သွားလို့ပါတီချယ်..."
"စာတော်တဲ့ကလေးမလို့ခွင့်လွှတ်လိုက်မယ် သွားထိုင်တော့"
"Nae!"
အတန်းရှေ့မှထိုင်ခုံရှိရာသို့လှုပ်တုတ်လှုပ်တုတ်နဲ့လှမ်းလာတဲ့ မက်သရူးသည်ဟူဒီပန်းရောင်လေးဝတ်ထားတာကြောင့် စတော်ဘယ်ရီမိုချီလုံးလေးနဲ့ပင်သွားဆင်တူနေ၏။