tell me you love me

933 82 4
                                    

မက်သရူးသည်ဘက်စ်ကားအလာကို မှတ်တိုင်တွင်ရင်ခုန်စွာစောင့်ဆိုင်းနေခဲ့သည်။သူသည်ကျောင်းသွားရတာပျော်သည့်စာကြိုးစားသည့် ကျောင်းသားတစ်ယောက်တော့မဟုတ်။

အကြောင်းရင်းကတော့ ကျောင်းသွားတိုင်း ဘက်စ်ကားပေါ်မှာတွေ့ရတတ်တဲ့ ဆောင်ဟန်ဘင်းကြောင့်ပါပဲ။

၅မိနစ်လောက်စောင့်အပြီးတွင် မှတ်တိုင်သို့ ဘက်စ်ကားဆိုက်ရောက်လာတာ မက်သရူးခုံတန်းပေါ်တင်ထားသည့် လွယ်အိတ်ကားလွယ်လိုက်တာ ဘက်စ်ကားပေါ်သို့တက်လိုက်သည်။

ဘက်စ်ကားပေါ်ကိုရောက်တဲ့အခါမျှော်လင့်ထားသည့်အတိုင်း နောက်ဆုံးတန်းပြတင်းပေါ်နားကခုံတွင် နားကြပ်တပ်ကာ ပြတင်းပေါက်အပြင်ဘက်ကိုငေးနေသည့် ဟန်ဘင်းကိုတွေ့လိုက်ရ၏။

ဘေးခုံတွင်လူမရှိတာကြောင့် မက်သရူးတန်းတန်းမတ်မတ်ပင်နေရာလွတ်ဆီသို့ ဝင်ထိုင်ကာ ဟန်ဘင်းအားနှုတ်ဆက်လိုက်သည်။

"ဟိုင်း!"

ထင်ထားသည့်အတိုင်း ဟန်ဘင်းဆီကအကြည့်တစ်ချက်သာရလိုက်ပြီး ပြတင်းပေါက်ဘက်သို့ခေါင်းပြန်လှည့်သွားသည်။

လူကြိုက်များပြီးရုပ်ချောတဲ့ဆောင်းဟန်ဘင်းက မက်သရူးကိုဆို ဒီလိုပဲအေးစက်စက်နဲ့ဆက်ဆံတတ်ပါသေးသည်။ဒါပေမယ့် ဒါကကိစ္စမရှိပါဘူးလေ။ဟန်ဘင်းက မနေ့ညကကိစ္စကိုရှက်နေတာလို့ပဲ မက်သရူးသဘောထားလိုက်သည်။

မ‌ေန့ညက မက်သရူး ဆရာမချွဲအိမ်မှအပြန်
ဟန်ဘင်းကအနောက်ကသူ့နာမည်အားအော်ခေါ်လိုက်တာကြောင့် မက်သရူးလှည့်ကြည့်လိုက်သည်။

အတန်းတူပေမယ့် အခန်းမတူတော့ မက်သရူးကဟန်ဘင်းကိုနာမည်ကြီးကျောင်းသားဖြစ်တာကြောင့်‌ေရာ ဘက်စ်ကားပေါ်တွင်အမြဲတွေ့နေတာကြောင့်ပါ သိ‌ေနပေမယ့်ဟန်ဘင်းကသူ့အားသိမည်မထင်။ အခုနာမည်ခေါ်လိုက်တော့ မက်သရူးအံ့ဩမိသွားသည်။

ပြေးလာတာကြောင့်ထင်ပါသည်။ဆောင်းဟန်ဘင်းရဲ့ရင်ဘတ်ကနှိမ့်ချည်မြှင့်ချည်ဖြစ်နေတာကို လမ်းမီးတိုင်ကတစ်ဆင့် မက်သရူးကောင်းစွာမြင်နေရသည်။

ZB1 Fiction CollectionWhere stories live. Discover now