ချွမ်ရွေ့နဲ့ရှန်သခင်ကြီးက စာကြည့်ခန်းထဲအလုပ်ရှုပ်နေတာကြောင့် ဝူဟျွန်းမှာပျင်းလို့နေသည်။အရင်လို ရှောင်ဖင်းကအနားမှာမရှိတော့ ကစားဖော်ကမရှိပေမယ့် ချွမ်ရွေ့ကဘေးမှာ အမြဲစာဖတ်ပြသည်။
အရင်တည်းက ဝူဟျွန်းကအဆော့သန်သည့်သူဖြစ်တာကြောင့် ဝူဟျွန်းဘဝကြီးက အတော်ပင်ပျင်းရိစရာကောင်းသည်။အိမ်ထောင်သည်ဆိုတဲ့ နာမည်အောက်ရောက်သွားတည်းက ဝူဟျွန်းမှာ အရင်လိုလွတ်လွတ်လပ်လပ်မပြောရ။
ရှန်အိမ်တော်ထဲကအလုပ်သမားများကလည်း
သူ့ကိုရှိန်နေကြတာကြောင့် စကာကောင်းကောင်းပြောမရ။ဒီလိုကျ အိမ်တော်မှာရှိသမျှလူတွေကို ဒုက္ခပေးခဲ့ရတဲ့လူတွေကိုလွမ်းမိသား။ဝူဟျွန်း ရှန်အိမ်တော်ထဲလှည့်ပတ်ကြည့်နေတုန်း
ရှန်ချွမ်ရွေ့ရဲ့လက်ရုံးတော်အသေးလေး စွန်လွှတ်နေတာကိုတွေ့လိုက်ရသည်။ဒီကလေးက သူရောက်လာကတည်းက လာမနှုတ်ဆက်သလို တွေ့ရင်လည်းရှောင်နေတာ ဝူဟျွန်းသတိထားမိသည်။"ဟိတ်....ရှောင်မုမု"
မုမုက အံ့ဩသွားတာကြောင့် မျက်လုံးတွေဝိုင်းစက်သွားသလို ဝါးစက်ကလေးကလည်း ပွင့်ဟသွားသည်။ချစ်စရာဝတုတ်ကလေး။
"သခင်လေးခင်ပွန်း..."
"သခင်လေးလို့ခေါ်ရင်ရပါပြီ သခင်လေးခင်ပွန်းတော့မလုပ်ပါနဲ့"
"သခင်လေးက သခင်လေး သခင်လေးခင်ပွန်းကသခင်လေးခင်ပွန်းပါ"
"ဟုတ်ပြီ...ဟုတ်ပြီ ခေါ်ချင်သလိုသာခေါ်"
မုမုကအငြင်းသန်တဲ့ပုံစံပေါက်တာကြောင့် ဝူဟျွန်းအလျော့ပေးလိုက်သည်။ပုံမှန်ဆို အပြိုင်ငြင်းမှာဖြစ်ပေမယ့် အခုအချိန်မှာကစားဖော်လိုအပ်နေသည်လေ။
"ငါ့ကိုစွန်ပေးလွှတ်ပါလား..."
မုမုကမပေးချင်ပေးချင်နဲ့ ဝူဟျွန်းလက်ထဲ ထည့်ပေးလာသည်။
"သခင်လေးခင်ပွန်း အဲ့ဘက်ထိမသွားနဲ့ သစ်ပင်တွေရှိတယ်ငြိသွားလိမ့်မယ်"
"ငါကစွန်လွှတ်တာတော်ပါတယ်ကွ..."
မုမုသတိပေးစကားပြောတာပင် မကြာသေး
စွန်ဟာ သစ်ပင်မှာငြိသွား၏။ဝူဟျွန်း မုမုကိုကြည့်ကာ အစွမ်းကုန်မျက်နှာငယ်လိုက်၏။