“တစ်ယောက်ကို တစ်ယောက်က
ချစ်တယ်ဆိုတာ ...
ဘုရားစိုက်တဲ့ ပန်းကလေး
ပွင့်လာတာပါ.... ”တဲ့။- တာရာမင်းဝေ
.
.
.
.
."အတန်းဖော်...ကျွန်တော့်နောက်ကိုဘယ်အချိန်ထိလိုက်နေဦးမှာလဲ"
မက်သရူးတကယ်စိတ်ညစ်လာပြီ။ကျောင်းသစ်ကိုစပြောင်းလာထဲက အတန်းထဲကကျောင်းသားဆောင်းဟန်ဘင်းကသူအိမ်ပြန်တဲ့ညနေတိုင်းသူ့နောက်ကလိုက်နေတာ။အစကတော့ အိမ်ပြန်လမ်းတူလို့နေမှာပါလို့ဖြည့်တွေးခဲ့ပေမယ့် ဆောင်းဟန်ဘင်းကသူ့အိမ်ရှေ့ရောက်တာနဲ့ပြန်လှည့်ပြန်သွားတတ်သည်။။အခုတော့ဘယ်လိုမှသည်းမခံနိုင်လို့ ဆောင်ဟန်ဘင်းကိုထိပ်တိုက်ရင်ဆိုင်လိုက်သည်။
" Psychopath လားstalkerလား!"
သူ့ tangerine လေးပြောလိုက်သည့်စကားကြောင့်ဆောင်းဟန်ဘင်းနှလုံးသားလေးနာကျင်သွားရသည်။သူ့ပုံစံကခိုးကြောင်ခိုးဝှက်ဖြစ်နေပေမယ့် မက်သရူးကိုစိတ်အနှောက်ယှက်ဖြစ်ဖို့မရည်ရွယ်ပါ။
လွန်ခဲ့သည့်တစ်ပတ်လောက်ထိဟန်ဘင်းသူ့ဘဝကိုပျင်းရိစွာဖြင့်ဖြတ်သန်းလာခဲ့တာ။ပျင်းစရာကောင်းတဲ့သူ့ရဲ့နေ့စဉ်ဘဝကနေဆွဲထုတ်ပေးလိုက်တာကတော့ ကျောင်းပြောင်းလာခဲ့တဲ့
tangerine hairနဲ့မျက်လုံးထောင့်မှာ မှဲ့လေးတွေရှိတဲ့ဆော့မက်သရူးဆိုသည့် အနှီကောင်လေးပဲ။classေပြာင်းသွားခဲ့တာကြောင့် ဟန်ဘင်းမှာခိုးကြောင်ခိုးဝှက်ဖြင့် Class Bမှာပစ္စည်းယူသလိုလိုနဲ့သွားသွားချောင်းကြည့်ရတာအမော။"တောင်းပန်ပါတယ် ကိုယ် မင်းအနှောက်ယှက်ဖြစ်သွားဖို့မရည်ရွယ်ပါဘူး"
ဟန်ဘင်းကတောင်းပန်ရင်းနဲ့သူ့လက်နှစ်ဖက်ကိုပွတ်သက်နေမိသည်။အပြစ်လုပ်တုန်းကလုပ်ပြီး အခုမှခေါင်းမဖော်ပဲဖြစ်နေတဲ့လူကြောင့် မက်သရူးမှာသက်ပြင်းချလိုက်သည်။
"အတန်းဖော်ကျွန်တော့်ဆီကဘာလိုချင်လို့လဲ"
"ဘာ....ဘာမှမလိုချင်ပါဘူး"
ဟန်ဘင်းကလက်ရောခေါင်းရောသွင်သွင်ခါကာငြင်းလိုက်သည်။
"အဲ့တာဆိုကျွန်တော့်နောက်ဘာလို့လိုက်နေရတာလဲ"