RICKY × MATTHEW
"ဘေဘီ ကိုယ်ဒီမှာ"
ကုမ္မဏီထဲကနေသူထွက်လာ"ချင်းမှာပဲ
သူ့အားအဆင့်သင့်ဆောင်ကြိုနေတဲ့ ရစ်ခီရှန်ကြောင့် မက်သရူးသက်ပြင်းချလိုက်မိသည်။
ဘေးပတ်ဝန်းကျင်ကလူများကလည်း သူတို့နှစ်ယောက်အား သိသိသာသာရော မသိမသာပဲကြည့်နေကြ၏။"ဒီနေ့ကုမ္မဏီမသွားဘူးလား"
"ဟင့်အင်း...ကိုယ်ဘေဘီနဲ့အတူနေ့လည်စာစားချင်လို့ ထွက်လာခဲ့လိုက်တာ"
"တကူးတကကြီးအလုပ်ရှုပ်အောင်လို့"
ရစ်ခီရှန်ကမက်သရူးကားပေါ်တက်ရန်အတွက်ကားတံခါးကိုအဆင်သင့်ဖွင့်ပေးသည်။ရစ်ခီက မက်သရူးကိုလိုလေသေးမရှိအောင်ဂရုစိုက်ပါတယ်။ဒါပေမယ့် ဒီဂရုစိုက်နေတာကပင် မက်သရူးအတွက်အလိုမကျစရာဖြစ်နေပြန်၏။
"ကားကိုဂရုစိုက်မောင်း"
ကားစီယာတိုင်ကိုလက်တစ်ဖက်တည်းနဲ့ကိုင်ပြီး နောက်လက်တစ်ဖက်ကသူ့ရဲ့လက်ကိုလာအုပ်ကိုင်တဲ့ရစ်ခီကိုမက်သရူးပြောလိုက်တယ်။ဒါကိုရစ်ခီကဂရုမစိုက်ချေ။မက်သရူးရဲ့လက်ကိုပါးမှာကပ်ပြီး နှုတ်ခမ်းနဲ့ခပ်ဖွဖွထိကပ်လိုက်သည်။
"ကိုယ်မင်းကိုလွမ်းနေတာ"
သူတို့နှစ်ယောက်အပြင်မှာမတွေ့ဖြစ်တာတစ်လလောက်ပင်ရှိတော့မည်ဖြစ်သည်။ဒါဟာလည်းတခြားကြောင့်မဟုတ် မက်သရူးအမြဲရှောင်ထွက်နေခြင်းသာဖြစ်သည်။
"မင်းရော ကိုယ့်ကိုမလွမ်းဘူးလားဟင်"
"အခုတွေ့နေရပြီပဲဟာ..."
.
.
.
"စားမကောင်းဘူးလား.."ပါစတာစိတ်မပါသလိုခရင်းနဲ့ထိုးစွနေတဲ့ မက်သရူးကိုရစ်ခီမေးလိုက်သည်။
"ဗိုက်မဆာလို့"
"မတွေ့ရတဲ့အတောအတွင်း ဘေဘီရဲ့ပါးဖောင်းဖောင်းလေးတောင်ပျောက်ကုန်ပြီ မဖြစ်သေးပါဘူး ဒီနွေကျရင်ကိုယ်တို့လက်ထပ်မှပဲ..."