"ဒါဘယ်ကပြန်လာတာလဲ"
အိမ်တော်ရဲ့တံခါးပေါက်ထဲခြေတစ်လှမ်းချတုန်းရှိသေး ချွမ်ရွေ့ အဖိုးရဲ့ဆီးကြိုပြီး အစစ်ဆေးခံလိုက်ရသည်။မကြာခင်အိမ်ထောင်ပြုတော့မယ့် လူကြီးလေးချွမ်ရွေ့က အဖိုးဖြစ်သူကိုအပြုံးကြီးကြီးပေးရင်းပြန်ပြောလိုက်သည်။
"ကျွန်တော့်လက်တွဲဖော်ကိုသွားတွေ့တာ"
"အေးလုပ်နေ...ဆော့အိမ်တော်ထိပါသွားကစားနေ။မင်းကိုဟိုကမျက်စိနှောက်ပြီး သူတို့သားနဲ့သဘောမတူနိုင်တော့ဘူးဆိုပြီးပြောလိမ့်မယ်"
ရှန်မင်ရန်ရဲ့စကားကြောင့် ချွမ်ရွေ့ရဲ့မျက်နှာကစူပုတ်သွား၏။
"အိမ်ထောင်ပြုခါနီး အဲ့လိုစကားတွေမပြောရဘူး အဖိုးရဲ့။ကျွန်တော့်အသက် ၁၉နှစ်တင်းတင်းရှိပြီ"
ရှန်မင်ရန်ကခေါင်းအသာခါလိုက်သည်။လူကြီးဖြစ်ချင်တော့လည်းသူပဲ ကလေးပဲရှိသေးတယ်ပြောတာလဲသူပဲ။သူ့အဖေနဲ့တစ်ပုံတည်း။
"အေး..လူပျိုလှည့်လို့ရတုန်းလှည့်ထား
ထိပ်မြားခါနီးရင် တစ်လလုံးမင်းသူ့ကိုတွေ့လို့ရမှာမဟုတ်ဘူး""ဟင်...အဲ့လိုတွေရှိသေးတာလား အဖိုး
ဘာလို့လဲ ကိုယ်တွေ့ချင်တဲ့မျက်နှာလေးကိုတွေ့ရဖို့တောင်အတားဆီးတွေရှိသေးတာလား""ထိပ်မြားတယ်ဆိုတာက သူ့ထုံးစံ သူ့ဓလေ့နဲ့လုပ်ရတာ ပြီးစလွယ်လုပ်လို့မရဘူး လိုက်နာသင့်တာကိုလိုက်နာရမယ်....မလိုက်နာဘဲ ခိုးတွေ့လို့ကတော့ ဘာဖြစ်တတ်လဲသိချင်ရင် စမ်းကြည့်လေ"
ရှန်မင်ရန်မြေးဖြစ်သူကို အမြင်ကပ်လို့ ပိုပိုသာသာလေးပြောပေးလိုက်သည်။သူ့ဓလေ့နဲ့သူရှိတာမှန်ပေမယ့် ထိပ်မြားဖို့တစ်ရက်အလိုမှာ သတို့သားနှစ်ယောက်ဟာမတွေ့ကြရဘူးဖြစ်သည်။
နှေးတိနှေးကွေးဖြင့်ထွက်သွားတဲ့ မြေးကိုကြည့်ပြီး ရှန်မင်ရန်အားရပါးရအော်ရယ်လိုက်၏။ငါ့သားမွေးလို့ ငါမြေးဖြစ်လာတာမင်းလည်းတစ်ခါတစ်လေတော့ ငါပညာပြတာခံလိုက်ဦး ရှန်ချွမ်ရွေ့။
(2)
"သခင်ကြီးပြောတာ မှန်တယ်သခင်လေးရဲ့"
မုမုကကိုယ့်မေးစေ့ကိုယ်ကိုင်ပြီး ဆရာကြီးပုံစံဖမ်းကာ တစ်နေကုန်မှိုင်နေတဲ့ ရှန်သခင်လေးကိုအားပေးရှာသည်။