#သူတစ်ယောက်သာ
စီးလာတဲ့ ကတ္တီပါ ဖိနပ်အနက်လေးကို ခြေနင်းခုံမှာချွတ်ပြီး ဧည့်ခန်းထဲသို့ ကျော် ဖြတ်လျောက်လာတယ်။ တိတ်ဆိတ်နေတဲ့ ဧည့်ခန်းမထဲ ဒီတခါနဲ့ဆို ဒုတိယအကြိမ်မြောက် ရောက်လာတာ ဖြစ်သည်။။ လွန်ခဲ့တဲ့ သုံးရက်က အင်တာဗျူး လာထားတာမို့ ဒီဧည့်ခန်းနဲ့ကျော် စိမ်းမနေတော့ပါ။ ဧည့်ခန်းထဲ လူတစ်ယောက်မ ရှိမနေတာမို့ လက်ထဲဆွဲလာတဲ့ ကျော့်ရဲ့ ခရီးဆောင်အိပ်ကို ဧည့်ခန်းထဲထားပြီး အသံကြားရာ မီးဖိုခန်းထဲ ကျော် ဖြတ်လျောက်လာ ခဲ့သည်။
"အန္တီ"
မီးဖိုးခန်းထဲ ထမင်းချက်နေတဲ အန်တီက ကျော့်ကိုတွေ့တော့
"အော် သားရောက်လာပြီလား"
"ဟုတ် အန်တီ"
"ခဏလေးနော် သား ဧည့်ခန်းထိုင်စောင့်ပေးနော်
အန်တီ ဟင်းအိုးလက်စလေးသတ်လိုက်ဦးမယ်""ဟုတ်ကဲ့ အန်တီ"
ကျော်ဧည့်ခန်းဖက် ပြန်လျောက်လာပြီး ထိုင်စောင့်နေသည်။ သိပ်မကြာဘဲ အန်တီ မီးဖိုခန်းက ထွက်လာပြီး
"လာ သား သားပစ္စည်းတွေ ယူလာခဲ့ အပေါ်ထပ် သွားရအောင်"
"ဟုတ်ကဲ့ အန်တီ "
"အန်တီလဲ အိမ်မှာတစ်ယောက်ထဲ ဆိုတော့ အလုပ်တွေ ရှုပ်နေတာ အန်ကယ်လ်က အလုပ်သွား သားအငယ်ကလည်း ခရီးထွက်သွားတာ ပြန်မလာသေးဘူး"
"အော် ဟုတ်"
ကျော် လှေကားထစ်တွေ တက်နင်းလာပြီး အန်တီနောက် လိုက်လာတော့"လာ သား ဒါ သားနေရမဲ့ အခန်း
ဟိုဘက်က အဖိုးအခန်းလေ
ဒီဖက်က သားငယ်အခန်း
အရင်က သားကြီးအခန်းပေါ့ ဒီအခန်းက သူအိမ်ထောင်ကျသွားတော့ အခန်းလွတ်သွားတာ
အန်တီတို့က အောက်ထပ်မှာဘဲ အိပ်တယ်""ဟုတ် အန်တီ"
သားပစ္စည်းတွေထားပြီး အဖိုးအခန်းဖက် ကူးလာနော် အန်တီ သွားနှင့်မယ်
"ဟုတ်ကဲ့ပါ အန်တီ"
ကျော် ခရီဆောင်အိပ်ကို ပြင်ဆင်ထားပီသား ခုတင်ပေါ်ကို တင်ခဲ့ပြီး အဖိုးအခန်းဘက်ကူးလာတော့