#သူတစ်ယောက်သာ အပိုင်း(၇)
တစ်ညလုံး အကို အဖျားတက်ပြီး ချမ်းနေသည်။ တဂီးဂီးနဲ့ အကိုဖြစ်နေတော့ ကျော် အကို့ကို တင်းတင်းကြပ်ကြပ် ဖက် ထားမိသည်။ ကျော် အကို့ကို အရမ်းသနား မိသည်။ အကို အချမ်း အမြန် ပျောက်ပါစေနော်။ မနက်မိုးလင်းတဲ့ အထိ ကျော် တရေးမ မအိပ်လိုက်ရဘဲ ရှိသည်။ အိပ်လို့လည်း မပျော် နိုင်ဘဲ ကျော် ကြောင်တောင်တောင် မျက်လုံးတွေနဲ့ ရှိ နေခဲ့တာ ဖြစ်သည်။ အကိုက အဖျားရှိန်ကြောင့် မိန်းနေတာ ဖြစ်မည်။
ညကလိုတော့ မငြီးတော့ဘဲ ငြိမ်ငြိမ် သက်သက် အိပ်ပျာ်နေတော့ ကျော် အကို့ကို ဖက်ထားရာကနေ ကျော့်လက်ကို ရုတ်လိုက်ပြီး ကုတင်ပေါ် ထထိုင်ကာ အကို့ကို တချက်ကြည့်မိသည်။ အိပ်နေလိုက်တာ ကလေး ငယ်လေးလိုပဲ ဖြစ်သည်။ မျက်နှာတွေလဲ ချောင်ကျသွားလိုက်တာ။ ကျော်အကို့နဖူးက ဆံပင်လေးတွေကို တချက်သပ်ပြီး ကျော်လေ အကို့နဖူးလေးကို ခိုးနမ်းမိသည်။ ရင်တွေ ခုန်လိုက်တာ အကို။ ကျော်နမ်းတော့ အကိုက အင်း ဆိုပြီး တချက်လုပ်ရှားလာသည်။
ကျော်လန့်သွားမိသည်။ အကို များ နိုးသွားပြီလား ဆိုပြီး လန့်နေမိသည်။ ကျော် ကုတင်ပေါ်က ဆင်းလာတော့ ခေါင်းတွေ တအား မူးနေသည်။ ညက အိပ်ရေးပျက်တဲ့အရှိန် ကြောင့် မူးနောက်နောက် ဖြစ်နေပြီး ရေချိုးခန်းဝင် မျက် နှာကို သစ်လိုက်တော့ အနည်းငယ် လန်းဆန်း သလို ရှိလာသည်။ ပြီးတော့ ကျော် အကိုတေဇာကို ဖုန်ခေါ်ပြီး အကို့့အကြောင်းပြောပြတော့
"ညီ အကို ဆရာဝန်ခေါ်ပြီး နေ့လည်ခင်း လောက်လာခဲ့ မယ် ညီ။ ညီလည်း ပင်ပန်းနေပြီ အကိုလာခဲ့ပါ့မယ်"
ကျော် မီးဖိုထဲဝင် ဆန်ပြုတ် တစ်အိုးတည်ကာ ဖိုးဖိုး အတွက် တခွက် သူ့အတွက်တစ်ခွက် ခပ်ပြီးကျော်ပါ မနက်စာကို ဆန်ပြုတ်ဘဲ သောက်လိုက်သည်။
ဖိုးဖိုးအခန်းကို ဆန်ပြုတ်ဝင်ပေးတော့ ဖိုးဖိုးက ဘုရား ခန်ဝင်နေတာမို့ ကျော် အကို အခန်းဝင်လာသည်။ ကျော်ဝင်လာတဲ့ အချိန် အကို က ကုတင်ပေါ် ငုတ်တုတ်ထိုင်နေသည်။
"ဟင် အကို နိုးနေပြီလား မျက်နှာ အရင် သစ်လိုက်နော် "
တခါတည်း ကျော် အကို့အတွက် သွားပွတ်တံထဲ သွား တိုက်ဆေး ညစ်ပြီး ထည့်ပေးကာ လှမ်းပေးတော့ အကိုက