#သူတစ်ယောက်သာ
တုန်ရီနေတဲ့ လက်တွေရယ် ဗျာများနေတဲ့ စိတ်တွေရယ် ပြီးတော့ ပါးပေါ်စီးကျမှန်းမသိ စီးကျနေတဲ့ မျက်ရည်တွေရယ်နဲ့ ကျော် လေယာဉ်ကွင်း အတွင်းက ပြေးထွက်လာတော့ လူတစ်ချို့ ကျော်ကို မမြင်ဘူးတဲ့ သတ္တဝါ တစ်ကောင်လို့ ကြည့်နေကြသည်။ ကျော် ဂရုမစိုက်နိုင်အားပါ။ ခုချိန်မှာ ကျော် ဘာလုပ်ရမလဲဆိုထာ မသိသေးပဲ ဖြစ်နေသည်။ ကျော် ခေါင်းတွေ တအားပူကာ
"အကို့ ဆီ ဖုန်းခေါ်ရမလား"
ကျော် ခေါင်းတချက်ရမ်းကာ
"မဖြစ်သေးဘူး"
ကျော်ကိုယ်ကို ပြန်းမေးကြည့်သည်။
"ဒါဆို ငါ ဘာလုပ်ရမလဲ။ ငါသွားမလို့လာ။ အကိုကျော်စွာကို ငါသွား တွေ့ပါပြီတဲ့ ဒီကိစ္စကို ငါတားနိုင်မှာလား။ ငါမတားနိုင်တဲ့ ကိစ္စတစ်ခုကို ငါဘာလို့ လုပ်ချင်နေတာလဲ။ နေပါဦး ငါနဲ့ ဆိုင်နေလို့လား"
ကျော့် ကိုယ့်ကိုကိုယ် ပြန်ပြောနေမိသည်။
"ဆိုင်တယ်။ ဟုတ်တယ် ကျော် အကို့ကိုချစ်တယ်။ ငါ လုပ်နိုင်ရမယ်။ အကိုကျော်စွာကို ငါတောင်းပန်မယ်။ ငါ အကိုကျော်စွာ နဲ့တွေ့မယ်။ ငါဘာဘဲ လုပ်ပေးရ လုပ်ပေးရ ငါလုပ်ပေး မယ်။ ဟုတ်တယ်။ ငါလုပ်နိုင်ရမယ်"
"ဟင်း အကိုကျော်စွာက ငါ့ကို မတွေ့ဘူးဆိုရင်ကော "
"ဟာ "
ကျော် စိတ်တွေ ရှုပ်နေပြီ။ ရန်ကုန်ရဲ့ နေရောင်ခြည်ဟာ မင်္ဂလာဒုံရဲ့ လမ်းမကြီးပေါ်မှာ သူ့စိတ်ကြိုက် ဖျာဆင်းနေသည်။ နေရဲ့အပူရှိန်က ကျော်ကို သွေးဆူနေအောင် လုပ် နေသလို့ ရှိနေသည်။ ကျော့် ခေါင်းတစ်ခုလုံး ပူနေပြီး ကျော် ဘာလုပ် ရမှန်းမသိခင် ကျော် လမ်ဘေးမှာ ထိုင်ချလိုက်မိသည်။ ထိုင်လိုမရပါ ထပြန်သည်။ တကယ်ကို ကျော် ဘာလုပ်ရမှန် မသိဘဲ ကျော်ဦးနှောက်ထဲ ဗလာကြီးလို ဖြစ်နေပြီး ဗျာများနေရပါသည်။ ခုချိန်ထိ ကျော်ဘာလုပ်ရမှန်း မသိဘဲ
"ငါအကိုဆီ ဖုန်းဆက်မယ်။ ဒါ အကိုနဲ့ဘဲဆိုင်တယ်။ သူမှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိမယ်။ မဖြစ်သေးပါဘူး အကိုသွားရင် အကိုကျော်စွာမှာ တခြားအကြံတွေ ရှိနေရင်ရော"