#သူတစ်ယောက်သာ
ခြံဝက အကို့ကားက နောက်မဆုတ်ဘဲ အတန်ကြာ ရပ်နေတော့ ကျော်တို့ကားရှေဘက်ဆက်တိုးလို့ မရတော့တာကြောင့် ကျော်ကားတံခါးဖွင့်ပြီး ဆင်းမယ်လုပ်တော့ ကားပိုင်ရှင်အကိုက သူ့ဘက်တံခါးဖွင့်ပြီး ဆင်းလာကာ ကျော်ကို တွဲကူသည်။ ကျော့်ခြေထောက် တော်တော် နာနေပြီ ဖြစ်သည်။ ကျော် ကားအပြင်ဘက်ကို ကားပိုင်ရှင် အကိုရဲ့ အကူအညီနဲ့ မတ်တပ်ရပ်လိုက်တဲ့အခါ အကိုက သူ့ကားတံခါးကို ဆွဲဖွင့်ပြီး ဆင်းလာသည်။ သူတပ်ထားတဲ့ မျက်မှန်ကို ဆွဲချွတ်လျက် ကျော်တို့ဆီ လျောက်လာတော့
"ပြန်တွေ့ရတာ ဝမ်းသာပါတယ် သြဘာ ငါ့ကို မှတ်မိပါသေးတယ်နော်"
ကားပိုင်ရှင်အကိုက အကိုသြကို နှုတ်ဆက် လိုက်သည်။ အော်အကိုနဲ့ ထိုလူ သိနေကြတာလား။ ဒါပေမဲ့ အကို့မျက်နှာက တမျိုးပဲ။ မဟုတ်ပါဘူး။ သူပုံစံက အမြဲ ဒီလိုပဲဟာ။
"ကမ္ဘာကြီးက လုံးတယ်ဆိုတာ အခုတော့ ငါယုံသွားပြီ သြဘာ "
ဆိုပြီး ကားပိုင်ရှင်က အကိုသြဘာကို လက်တဖက် ကမ်းပေးတော့ အကိုသြဘာ ထိုကာပိုင်ရှင်အကိုကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ ထိုလူ ကမ်းပေးတဲ့ လက်ကို ဆွဲပြီး နှုတ်ဆက်ခြင်း မရှိဘဲ ကျော့်ဘက်ကို လှည့်လာကာ
"မင်းဘာဖြစ်လာတာလဲ ဘာကြောင့် သူကားနဲ့ ပါလာတာလဲ ဟမ်"
စိတ်ဆတ်ဆတ်နဲ့ မနှစ်မြို့သလို ဒေါသတကြီး မေးလာတဲ့ အကို့ကို ကျော်နားမလည်စွာ ရှိနေမိပြီး ကျော်မဖြေခင် ကားပိုင်ရှင်အကိုက
"မင်း ချာတိတ်လေး ငါကားနဲ့ တိုက်မိမလို ဖြစ်သွားလို့ ငါ လိုက်ပို့တာသြဘာ
ခြေထောက် နာသွားတယ် ထင်တယ်""ဒီမှာ ချာတိတ် ကိုယ့်နာမည် ကျော်စွာဦးပါ ဒါ ကိုယ့်လိပ်စာကဒ် ခြေထောက်က ဒဏ်ရာအတွက် ကိုယ် အစစအရာရာ တာဝန်ယူပါတယ်"
ကားပိုင်ရှင် အကိုက အကိုသြဘာကို ရှင်ပြပြီး သး ကျော်ကို သူရဲ့ လိပ်စာကဒ်တစ်ခုကို ကားအတွင့်က ယူလာပြီး ပေးလာသည်။ ကျော်ကို လှမ်းပေးတဲ့ လိပ်စာကဒ်ကို ကျော် လှမ်းယူပြီး