#သူတစ်ယောက်သာ
တဖြည်းဖြည်း နီးကပ်လာတဲ့ သူ့မျက်နှာကြောင့် ကျော် မှင်သက်မိပြီး မရှောင်လိုက်နိုင်ခင်မှာဘဲ သူ နှုတ်ခမ်းကြီး ကျော်နူတ်ခမ်းလေးပေါ် ထပ်ကြ လာကာ ခပ်ကြမ်းကြမ်း ဆွဲနမ်းပစ်လိုက်သည်။ သူလက်နှစ်ဖက် ကျော်နှားနှစ်ဖက်ကို အုပ်ပြီး ကျော်ခေါင်းကို မော့စေကာ သူ စိတ်ကြိုက် အနမ်းတွေ သူခြွေနေသည်။
"မဟုတ်ဘူး အကို။ မလုပ်ပါနဲ့။ ကျော်ကို အဲ့လို အနိုင်မယူ ပါနဲ့။ ကျော်လိုချင်တာ ဒီလို အနမ်းမျိုး မဟုတ်ဘူး။ အကို့ဆီက လိုချင်တာ ဒီလို အနမ်းမျိုးမဟုတ်ဘူး။ နူညံ့တဲ့ အနမ်းမျိုး။ နှစ်ဦးသဘောတူ လက်ခံထား တဲ့ အနမ်းမျိုး လိုချင်တာ"
ကျော် သူ့ရင်အုံကို တချက် ဆောင့်တွန်းပစ်လိုက်ကာ ကျော့် မျက်လုံး အိမ်မှာ မျက်ရည်တွေ ချက်ချင်း ဝိုင်းလာသည်။ ဝမ်းနည်း လိုက်တာ။ လုပ်ရက်တယ်ဗျာ။ ကျော် သူ့ကို အရမ်းကြောက် သွားမိပြီ။ သူ ကျော် ဘာဖြစ်နေလဲ ဘာခံစားနေလဲ ဆိုတာကို လုံးဝ ဂရုမစိုက်ပါ။ ကျော် သူ့ကို ပြောဖို့ ပါးစပ်ဟရုံ ရှိသေး
"ဒါ မီးပူ ပြင်ခ" တဲ့
ခပ်ထေ့ထေ့ အပြုံးတစ်ခုနဲ့ သူစကားဆိုကာ သူ tool box ကို ဆွဲပြီး ဘာကိုမှ အလေးအနက် မထားဘဲ အခန်းအပြင်ကို ထွက်သွားသည်။ ကျော် ဒေါသ ထွက်တာရော၊ ဝမ်းနဲတာရော ၊သူ့ကို ကြောက်ရွံ့သွားတာရော အကုန်ပေါင်းပြီး ငိုချမိသည်။ လောကကြီးမှာ လူအထင်သေး အစော်ကားခံရတာ လောက် စိတ်နာစရာ ကောင်းတာ မရှိတာ အမှန်ဘဲ ဖြစ်သည်။ ဖြစ်နိုင်ရင် ဒီမီးပူကို အဝေးကို လွင်ပစ်လိုက်ခြင်တယ်ဗျ ။ မမြင်ချင်ဘူး ဒီမီးပူကို။
******ဒီရက်ပိုင်းတွေ ကျော်အောက်ထပ် သိပ်မဆင်း ဖြစ်သလို အပြင်မထွက်ဖြစ်ဘဲ အဖိုးအခန်းထဲ အလုပ်ရှုပ်သယောင်၊ အဖိုးကို စာဖတ်ပြ၊ အဖိုးကို နင်းနှိပ်ပေးပြီး အဖိုးအခန်းထဲဘဲ အချိန်ကုန်နေမိသည်။ အဖိုးအိပ်ပျော်သွားရင် ကျော်အခန်းဘက် ပြန်လာ စာဖတ်၊ မဟုတ်ရင် အိပ်နေလိုက်သည်။ TV ဆင်းကြည့်တာတို့၊ သီချင်းဆင်းပြီး နားထောင်တာလဲ သိပ်မလုပ် ဖြစ် တော့ဘဲ ထမင်းဆင်းပြီး စားတာလောက်ဘဲ အောက်ထပ်နေပြီး ကျန်တဲ့အချိန်တွေ အခန်းထဲ အောင်းပြီးဘဲ နေနေမိသည်။