#သူတစ်ယောက်သာ ( ဇာတ်သိမ်း)
"အကို အကို့ကို ညီ အရမ်းချစ်တယ် အကို"
ကျော်အကို့ကိုပြောတော့ အကိုက ကျော်ကိုကြည့် ပြီး ကြည်နူးစွာ ပြုံးပြနေသည်။ ပြီးတော့ အကိုက
"အင်း ဆင်းတော့နော်"
ခေါင်းတဆတ်ဆတ်ညိမ့်လျက် သူ့လက်ထဲက ကြိုး ကို ဖြေလျော့တော့ ကျော် နံရံကို ခြေကန်လျက် အလိုက်သင့် ဆင်းလာသည်။ ထိုအချိန်မှာ မီးသတ် ကားတွေ အချက်ပေးကာ လမ်းအတွင်း ဝင်လာနေပြီ။ ကယ်ဆယ်ရေးတွေ ရောက်နေလာပြီ ဖြစ်သည်။ ပတ်ဝန်းကျင်က လူတွေ စုရုံး စုရုံးနဲ့ ဆူညံစွာ ရှိနေကြသည်။ ကျော် နံရံတလျောက် ကပ်ဆင်းလာရာ အချို့နေရာတွေ မီးတွေ တအားလောင်ကျွမ်းနေတော့ ကျော့် ခြေ ထောက်တွေ၊ ကျော်ခန္ဓာကိုယ် အကူအညီ ယူစရာ နံရံက ရှိမနေတော့ဘဲ ကျော် ဒရွတ် အောက်သို့ ကျလာသည်။ ကျော့်ခြေထောက် မြေပြင်ကို ထိတာနဲဘဲ ပုံရက် လှဲကျကာ ကျော်အားယူပြီး ချက်ချင်း ပြန်ထကာ ကျော့် ခါးမှာ ချည်ထားတဲ့ကြိုးတွေကိုဖြေလိုက်သည်။ မီးအပူ ရှိန်ကြောင့် ကျော် မီးတောက်နဲ့ ဝေးရာ တချက် ဆုတ်လိုက်ပြီး အပေါ်ကို မော့ကြည့်တော့ အကိုက ဝရံတာမှာ ရပ်နေလျက် အောက်ကို ငုံ့ကြည့်နေသည်။
"အကို အကို ကြိုးအမြန် ဆွဲတင်ပြီး အမြန်ဆင်းလာပါ အကို"
ကျော်စိတ်ပူချင်းများစွာနဲ့ ကျော်အသံတွေဟာ တုန် ရီနေပြီး အသံဟာ ထင်သလောက် ကျယ်လောင်စွာ ထွက်မလာပါ။ မီးဟာ ကြီးသထက်ကြီးစွာ လောင် ကျွမ်းလျက်ရှိနေကာ အိမ်ကြီး အတွင်းပြိုလဲသံတွေ
တဝုန်းဝုန်းနဲ့ ကြားနေရသည်။"အကို အကို အမြန်ဆင်းလာပါတော့ အကို"
ကျော်ဘာကို မ မမြင်တော့ ကျော်မျက်လုံးအိမ်မှာ မျက်ရည်တွေ ဝိုင်းလာပြီ ကျော်အကို့ကို မောကြည့် နေတဲ့ အချိန် အကို ကြိုးစကို ဆွဲယူနေတဲ့ အချိန်မှာ အကိုနောက်က အရိပ်တခု ထိုးရပ်လာသည်။ အကိုကျော်စွာ ။ ကျော် တချက် အော်မိသည်။
"အကို နောက်မှာ "
ကျော်အော်သံဟာ တဝုန်းဝုန်းတောက်နေတဲ့ မီး တောက်တွေထဲ ပျောက်ကွယ်သွားပြီး အကို မကြားနိုင်ပါ။ ကျော်မြင်နေရတာက အကိုကျော်စွာ အကို့ကို တစ်စုံတခုနဲ့ ရိုက်နှက်လိုက်ကာ အကိုကြမ်းပြင်ပေါ်လဲ ကျသွားသည်။