#သူတစ်ယောက်သာ အပိုင်း(၆)
ကျော် မီးဖိုထဲ အပြေးဆင်းလာပြီး ရေအေးတစ်ဇလုံ ထည့်ကာ ကျော့်အခန်းထဲ ဝင်လာပြီး ကျော့် မသုံးရသေးတဲ့ မျက်နှာသုပ် ပုဝါလေးကို ယူကာ ရေစိမ်ပြီး ရေညစ်ကာ အကို့ နဖူးပေါ် တင်ပေးထားလိုက်သည်။ ပြီးတော့ ကျော်အကို့ကို ဆေးခန်းပို့ခြင်တာကြောင့် အကိုကျော်စွာကို ခေါ်ဖို့ သတိရမိသည်။
"အား မဖြစ်ဘူး။ အကို ကျော်စွာဆီ ခေါ်လို့ မဖြစ်ဘူး"
အကိုတေဇာဆီကိုပဲ ဖုန်းခေါ်တော့
"မဟုတ်ဘူး ညီ ဆေးခန်းမပို့တော့နဲ့ အကို ဆရာဝန် ပင့်လာမယ်"ဆိုတာ ကြောင့် ကျော်အကို့နဖူးပေါ် ရေဖတ်တင် ပြီး စောင့်နေလိုက်သည်။ မကြာခင် ဆရာဝန်ပင့်လာတဲ့ အကိုတေဇာ ရောက်လာပြီး ဆရာဝန်က အေးပတ်သွားတာဖြစ်ကြောင်း ဆေးထိုးပေးကာ အစာပျော့ပျော့လေးကျွေးပြီး ဆေးမှန်မှန်တိုက်ပေးဖို့ ပြောသည်။
အကိုတေဇာ ကလည်း အလုပ်ရှိသေးတာကြောင့် နောက်မ ပြန်လာခဲ့မယ် ပြောပြီး ပြန်သွားတော့ ကျော် အကို့ နား တချိန်လုံးနေနေမိသည်။ ရေဖတ်လေးတော့ ဆက်တင်ထားပေးတုန်း ဖြစ်သည်။ အကိုက ရေသောက်ခြင် တယ် ဆိုပြီး ပါးစပ်လုပ်ရုံ ပြောလာတော့ ကျော် ရေဖန်ခွက်ထဲ ရေလောင်းထည်ပြီး သူလည်ပင်း အောက် ကျော့်လက်လျိုကာ သူဦးခေါင်းကို မလိုက်သည်။
" အားးး လေးလိုက်တာ "
ကျော်မ မနိုင်ဘူး။ အလေးကြီး ခန္ဓာကိုယ်ကြီးက ကျော်မနည်း အားစိုက်ပြီး မလိုက်တော့ မ ကြွလာကာ သူ့ပါးစပ်ကို ကျော်ရေဖန်ခွက်လေး တေ့ပေးလိုက်တော့ ရေကို ဖြေးညင်းစွာသောက်ပြီး
"အကို ဆန်ပြုပ်သောက်နော် ပြီးရင် ဆေးသောက်ရအောင်"
ကျော်သူ့ကို အိပ်ယာပေါ်တချက်ထားခဲ့ပြီး အောက်ဆင်လာကာ အဖိုးအတွက် ပြုပ်ထားတဲ့ ဆန်ပြုပ်ကို ပုဂံလုံးလေးနဲ့ ထည်ယူလာပြီး သူကို
"ခဏနံရံကို တချက်မှီပြီးထိုင်လိုက်နော် အကို"
ကျော်ပြောပြီး မနိုင်တဲ့ သူ့ကိုယ်ကြီးကို အတင်းမ ကာ ကျော်နံရံမှာ မှီစေလျက် ကျော် ဆန်ပြုပ်တဇွန်း ခြင်းခွံ့တိုက်ကာ ဆေးတိုက်ပြီး သူကို ပြန်အိပ်စေသည်။ စောင်ပါးပါးလေး ခြုံထားပေးပြီး ကျော်အခန်းအပြင်ဖက်ကို ပြန်ထွက်လာကာ အဖိုးအခန်းကို ဝင်လာပြီး