ဇာတ်လမ်းအကျဉ်း

4.4K 162 2
                                    

ဇာတ်လမ်းအကျဉ်း

ကျီရန်က စာရေးဆရာမ မယ်ရီစူးရဲ့ ဝတ္ထုစာအုပ်ထဲကို ရောက်သွားခဲ့တယ်။ သူမက ခေါင်းဆောင်မင်းသားရဲ့ ဆိုးသွမ်းတဲ့ညီမလေးအနေနဲ့ ဝတ္ထုထဲရောက်လာခဲ့တယ်။ သူမမှာ ဘာစွမ်းအားမှမရှိဘဲ အားနည်းတဲ့ခန္ဓာကိုယ်ရှိတယ်။

တခြားသူတွေက ဝိတ်လျှော့ဖို့ အစားရှောင်နေကြတဲ့အချိန်မှာ သူမကတော့ တစ်နေ့ သုံးနပ်စားတယ်။ တခြားသူတွေက တိုက်ပွဲအတွက်ပြင်ဆင်နေတဲ့အချိန်မှာ သူမကတော့ လှေကားတက်ရင်း ဟောဟဲလိုက်နေခဲ့တယ်။ တခြားသူတွေက ခေါင်မိုးတွေ နံရံတွေကို ခုန်ပျံကျော်လွှားနေတဲ့အချိန်မှာ သူမကတော့ နံရံကို ပစ်ပေါက်လိုက်တာနဲ့တင် အသက်ထွက်သွားနိုင်တယ်။

တရားမျှတမှုရှိတဲ့ဂိုဏ်း : သူမက မကောင်းဆိုးဝါးအဖွဲ့နဲ့ ပေါင်းကြံပြီး သူတို့ကို ကလဲ့စားချေဖို့ လုပ်နေတာ....

တရားမျှတမှုရှိတဲ့ဂိုဏ်းက မကောင်းဆိုးဝါးဘုရင် ရင်းရွှဲကျုံးကို ချေမှုန်းချင်နေတာ။

အချိန်တွေကြာသွားတော့ တရားမျှတမှုရှိတဲ့ဂိုဏ်းရော မကောင်းဆိုးဝါးအဖွဲ့တွေပါ အံ့ဩစရာတစ်ခု ကြုံလိုက်ရတော့တယ်။ အဲဒါကတော့ မကောင်းဆိုးဝါးဘုရင် ဘယ်သွားသွား မိန်းကလေးငယ်ငယ်လေးတစ်ယောက်က သူ့နားမှာ အမြဲရှိနေတတ်တာကိုပဲ။ မကောင်းဆိုးဝါးဘုရင်က သူမကို ဂရုတစိုက် အစာကျွေးပြီး စောင့်ရှောက်နေပေမဲ့လည်း သူမကို စိတ်ပျက်နေတဲ့ပုံပေါက်နေတယ်။

ကျီရန် : "ရင်းရွှဲကျုံး ကျွန်မ ဗိုက်ဆာတယ်"

ကျီရန် : "ရင်းရွှဲကျုံး ကျွန်မအိပ်ချင်နေပြီ ကျွန်မ တစ်နေ့ကို ၄ နာရီလောက်အိပ်ဖို့လိုတယ်"

ကျီရန် : "ရင်းရွှဲကျုံး ကျွန်မ အအေးမိနေပြီထင်တယ် မနေ့ညက အအေးမိသွားတယ်"

ကျီရန် : "ရင်းရွှဲကျုံး...."

ရင်းရွှဲကျုံး : "ပါးစပ်ပိတ်ထား"

မကောင်းဆိုးဝါးဘုရင်

မကောင်းဆိုးဝါးလောကရဲ့ ဘုရင်အနေနဲ့ ရင်းရွှဲကျုံးက စိတ်ဆတ်ပြီး မိုက်ရူးရဲဆန်တယ်။ သူက လူသတ်ရတာကို သဘောကျတယ်။ သူ့နာမည်ကို ကြားလိုက်တာနဲ့ လူတွေက သေမတတ်ထိတ်လန့်ကြောက်ရွံကြတယ်။

ဒါပေမဲ့ သူ့လိုလူမျိုးကို သာမန်မိန်းမငယ်လေးတစ်ယောက်က ထိန်းချုပ်နိုင်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားဘူး။

သူမရဲ့နာကျင်မှု ဒဏ်ရာတွေ နာမကျန်းဖြစ်မှုတွေအားလုံးက သူနဲ့အတူ မျှဝေခံစားနေရတယ်။

ဗီလိန်ရဲ့ဆွဲသီးလေးWhere stories live. Discover now