Chapter 24.2

222 21 0
                                    

သူမက ရှိုက်ကြီးတငင်ကို ငိုနေခဲ့ပြီး နောက်ဆုံး ဆောင့်ကြောင့်ထိုင်ရင်း မျက်ရည်တွေကို သုတ်ပစ်နေခဲ့တယ်။

ရင်းရွှဲကျုံးက သူမကို ငုံ့ကြည့်လိုက်တယ်။ သူ့ပုံစံက စိတ်ရှုပ်ထွေးနေတဲ့အမူအရာနဲ့ပေါ့။

ရင်းရွှဲကျုံးက ရုတ်တရက် “တကယ်တော့ အဲဒါကြီးကို သောက်လိုက်စရာမလိုပါဘူး”

အဲဒီအချိန်တုန်းက သူ သူမကို စောင့်ကြည့်နေခဲ့တာ။

ဒါပေမဲ့ သူမ တကယ်ကြီး ဝိဉာဉ်အားတိုးဆေးကို သောက်ပစ်ခဲ့တယ်။

သူမလို မိုက်မဲတုံးအတဲ့သူမျိုး သူတစ်ခါမှမမြင်ဖူးဘူး။ အဲဒီဆေးက သူမကို သေစေနိုင်တယ်ဆိုတာ သိသိကြီးနဲ့ကို သောက်ပစ်ခဲ့တယ်။

ကျီရန်က သူမမျက်ရည်တွေကို လက်ခုံနဲ့ သုတ်ပစ်လိုက်ပြီး “ဒါပေမဲ့ ရှင်လည်း ရှင့်ပစ္စည်းရှင် ပြန်လိုချင်နေတာပဲမဟုတ်လား ကျွန်မမသောက်ဘူးဆိုရင် ရှင့်ပစ္စည်းပြန်ယူလို့ဘယ်ရပါ့မလဲ အဲဒီအခါကျရင်လည်း ရှင် ကျွန်မကို သတ်ပစ်မှာပဲလေ”

ဘယ်ဘက်ကကြည့်ကြည့် သူမကို သတ်ပစ်ချင်နေတဲ့သူတွေချည်းပဲဆိုတော့ ကျီယွမ်ချင်းတို့ အောင်မြင်ဖို့ဆိုတာထက် ရင်းရွှဲကျုံးလိုချင်တာရဖို့အတွက်ကိုပဲ သူမဦးစားပေးလုပ်လိုက်တာပါ။

“………” ရင်းရွှဲကျုံးက ဘာစကားမှမပြောတော့ဘဲ သူမကို မမှိတ်မသုန်စိုက်ကြည့်နေခဲ့တယ်။

သူ သူမကို သတ်ပစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူ့မှာ ပြောစရာစကားမရှိဘူးဖြစ်နေတယ်။

သူ့နားက အမည်းရောင်မြူတွေက တဖြည်းဖြည်းပိုထူလာတယ်။ လေတွေကလည်း ခပ်ကြမ်းကြမ်းကို တိုက်ခတ်နေတယ်။ မှော်စွမ်းအားအရင်းအမြစ်နားကိုရောက်လာတော့ ရင်းရွှဲကျုံး အရမ်းကျေနပ်နေပုံပဲ။ သူ့ရဲ့မျှော်လင့်ချက်တွေပြည့်ဝနေတဲ့မျက်လုံးတွေကလည်း ထူးဆန်းတဲ့အရောင်တွေ အပြည့်ပဲ။

သူ နောက်ဆုံး အသိစိတ်လွတ်သွားခဲ့ပြီ။ သူ့ရဲ့မျက်လုံးနက်နက်တွေက အရောင်တွေလက်နေပေမဲ့ လက်သီးကို တင်းတင်းဆုပ်ထားခဲ့တယ်။ သူက သူ့အနောက်ဘက်က မှော်စွမ်းအားအရင်းအမြစ်ကို မကြည့်ဘဲ ကျီရန်ကိုပဲ စိုက်ကြည့်နေခဲ့တယ်။


ဗီလိန်ရဲ့ဆွဲသီးလေးWhere stories live. Discover now