Chapter 19

359 28 0
                                    


အပိုင်း (၁၉)

ကျီရန် အရမ်းပျော်သွားတယ်။

ရင်းရွှဲကျုံး သူမကို ကောင်းကောင်းနားလည်တာပေါ့။ ကျီရန် မျိုသိပ်သည်းခံခဲ့သမျှကို တစ်ယောက်ယောက်ကို လက်သီးနဲ့ထိုးပြီး ဒေါသဖြေချင်မှာပေါ့။ ကျီရန်က အကျလက်ကို ခေါက်တင်ရင်း ပျော်ပျော်ကြီး ရှေ့တိုးလာတယ်။ ရင်းရွှဲကျုံးက အနောက်ဆုတ်ပေးလိုက်တယ်။ ကျီရန် သူ့ကို ဘယ်လိုထိုးမလဲဆိုတာ သူကြည့်ချင်လှပြီ။

အရင်ဆုံး ကျီရန်က အဲဒီလူရဲ့ဗိုက်ကို ခြေထောက်နဲ့ လှမ်းကန်လိုက်တယ်။ ပြီးတော့ အဲဒီလူကို တက်ခွလိုက်ပြီး အဲဒီလူရဲ့ပါးကို ဘယ်ပြန်ညာပြန် ရိုက်ချပစ်လိုက်တယ်။ အသံအကျယ်ကြီးထွက်လာတာကြောင့် ရင်းရွှဲကျုံး ကျေနပ်သွားပြီး အနားကပ်လာတယ်။ ကျီရန်က လက်သီးကို တင်းတင်းဆုပ်ပြီး အဲဒီလူရဲ့မျက်နှာကို ထိုးတော့တယ်။ ပြီးတော့ နှာခေါင်းကိုလည်း အချက်ပေါင်းများစွာ.....

"ငါ့ကို ပြောဦးမလား အမှိုက်လိုကောင်ရဲ့ သေစမ်း"

"ဟမ် ပြောဦးမလား ဆက်ပြောဦးလေ"

"ငါ့ကို အမှိုက်လို့ခေါ်ဦးလေ ခေါ်လိုက်စမ်းပါ အကောင်စုတ်ရဲ့"

"ခေါ်လေ ငါ့ကို အဖေလို့ခေါ် အဖေလို့ခေါ်ရင် မရိုက်တော့ဘူး"

ဒီလိုလောကမှာ လူတစ်ယောက်ကို ရိုက်တယ်ဆိုတာ ဥပဒေမရှိတဲ့အတွက် ပြစ်မှုမမြောက်ဘူး။ ကျီရန်က သူမစိတ်ထဲမှာရှိသမျှအားလုံးကို ပြောပြီးတော့ ခံစားချက်တွေကို ဖောက်ထုတ်ပစ်လိုက်တယ်။

သူက အချက်ပေါင်းများစွာ လက်သီးနဲ့ထိုးနေခဲ့တယ်။ ကျီရန်အားက အရမ်းမပြင်းပေမဲ့ သူမရဲ့ဆဲဆိုသံတွေကတော့ အားအပြည့်ပဲ။ အစတုန်းတော့ သူမက လက်သီးနဲ့ပဲထိုးနေခဲ့ပေမဲ့ နောက်ပိုင်းကျတော့ သူမကို တောင်းပန်အောင် တတွတ်တွတ်ပြောနေတော့တယ်။

"ငါ့ကို အဖေလို့ခေါ်စမ်း"

"အ...ဖေ...အဖေ"

"အသံက တိုးလွန်းတယ် ကျယ်ကျယ်ပြော"

".....အဖေ..."

ကျီရန်တစ်ယောက် ချွေးတွေပါထွက်လာတယ်။ သူမလက်တွေလည်း နာနေပြီ။ စိတ်လည်း ပြေသွားခဲ့ပြီ။ အဲဒါကြောင့် မတ်တပ်ရပ်ပြီး ခဏနားလိုက်တယ်။ အဲဒီလူကတော့ သူ့ကို အသက်ချမ်းသာပေးဖို့ တတွတ်တွတ်တောင်းပန်နေတယ်။ ရင်းရွှဲကျုံးက ရှေ့တိုးလာတယ်။ သူ့ခြေထောက်ကို မြှောက်လိုက်ပြီး တစ်ချက်တည်းနဲ့ အဲဒီလူလည်ပင်းကို နင်းသတ်ဖို့လုပ်လိုက်ပေမဲ့ ကျီရန်က ဝင်တားလိုက်တယ်။

ဗီလိန်ရဲ့ဆွဲသီးလေးWhere stories live. Discover now