Chapter 23

232 22 0
                                    

အပိုင်း (၂၃)

ကျီရန် သူ့ကို အသေလုပ်ပစ်လိုက်ချင်တယ်…..

သူမရဲ့မှန်လေး...အရမ်းလှတဲ့သူမရဲ့မှော်ကြေးမုံလေး....ညအိပ်ရင်တောင် သူမကိုင်ပြီး အိပ်တတ်တဲ့ မှော်ကြေးမုံလေးကို သူဘယ်လိုများ လုပ်ရက်ရတာလဲ......

ကျီရန်က ဒေါသထွက်ထွက်နဲ့ သူ့အကျကော်လံကို ဆွဲလိုက်တယ်။ သူမ ဒီလိုလူမျိုးကို အဖေလို့ ခေါ်ခဲ့မိတယ်။ သူမကို လိမ်ခဲ့တဲ့ လူလိမ်ကောင်ကိုလေ။

ဒီနေ့တော့ သူမဘယ်လိုမှ အလျှော့မပေးနိုင်တော့ဘူး။

သူမ အဲဒီကောင်ကို အဖေလို့ ထပ်ခေါ်ရင် သူမက ခွေးပဲ။

ရင်းရွှဲကျုံးကတော့ သူ့ကိုယ်သူ ဘာအပြစ်မှမရှိတဲ့ပုံမျိုးနဲ့ “ငါ မင်းကို အဖေလို့ပဲခေါ်ခိုင်းတာလေ အတင်းအဓမ္မကြီး ခေါ်ခိုင်းခဲ့လို့လား မင်းမှန်ပြန်ပေးလိုက်မယ်” 
ကျီရန် စိတ်တိုလွန်းလို့ ပါးတွေပါနီလာတယ်။ သူမမျက်နှာရဲသွားတာကို ကြည့်ပြီး ရင်းရွှဲကျုံးသဘောတွေကျနေတယ်။

အရမ်းလွန်နေပြီ…..


ကျီရန်က သူ့လက်ကို တွန်းဖယ်ပြီး နောက်ဆုတ်လိုက်ပေမဲ့ ရင်းရွှဲကျုံးကတော့ သူမနား တဖြည်းဖြည်းတိုးလာတယ်။ နောက်ဆုံး ကျီရန် နံရံဘက်ကို ကပ်သွားတော့တယ်။ ရင်းရွှဲကျုံးက သူမကို အထက်စီးဆန်တဲ့မျက်နှာထားနဲ့ ငုံ့ကြည့်နေတယ်။ သူမတို့အကြည့်ချင်း အရမ်းနီးကပ်နေခဲ့တယ်။

နီးကပ်လွန်းလို့ ရင်းရွှဲကျုံးရဲ့မျက်တောင်တွေကိုတောင် သူမရေတွက်နိုင်တဲ့အထိပဲ။ ရင်းရွှဲကျုံးရဲ့မျက်တောင်တွေက ရှည်ရှည်ထူထူလေးတွေ။ မျက်နက်ဝန်းပေါ်ကို မျက်တောင်ရှည်ရှည်လေးတွေက အရိပ်မိုးထားသလိုပဲ။

ကျီရန်က ရင်းရွှဲကျုံးကို အေးအေးဆေးဆေးစိုက်ကြည့်နေပေမဲ့ သူမနောက်ကျောတွေ အေးစက်လာတော့တယ်။
ရင်းရွှဲကျုံးက နှာခေါင်းရှုံ့လိုက်ပြီး “ငါ့ကို ရှောင်ရဲနေတယ်ပေါ့ ဒီရက်ပိုင်း မင်းတော်တော်ရဲတင်းနေပါလား”

သူ တဖြည်းဖြည်းနဲ့ အနားကပ်လာတော့ ကျီရန်က ခေါင်းရှောင်လိုက်တယ်။ ရင်းရွှဲကျုံးက စိတ်ဆိုးဆိုးနဲ့ “မင်း….မင်းငါ့ကို အမြဲတမ်းကစားတယ်….”
သူမ ရှောင်လိုက်တဲ့အတွက် ရင်းရွှဲကျုံး ရှက်သွားခဲ့တယ်။ ရင်းရွှဲကျုံးက စိတ်ဆိုးဆိုးနဲ့ သူမကို တစ်ခုခုပြန်လုပ်ချင်နေပုံပဲ။ သူရှေ့တိုးလေလေ သူမက အောက်ကို လျှောဆင်းသွားလေလေနဲ့။ နောက်ဆုံးမြေကြီးပေါ်မှာ ဆောင့်ကြောင့်လေးထိုင်သွားတဲ့အထိပဲ။

ဗီလိန်ရဲ့ဆွဲသီးလေးOnde histórias criam vida. Descubra agora