Chapter 25

206 21 0
                                    

အပိုင်း (၂၅)

အတောင်တစ်စုံက ကောင်းကင်မှာ ဖြန့်ကျက်နေပြီး ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ဖုံးအုပ်တော့မယ့်အတိုင်းပဲ။ မှော်ရေခဲကျောက်တုံးတွေပေါ်မှာလည်း နှင်းပွင့်လေးတွေဖုံးလွှမ်းထားတဲ့ပုံစံမျိုး။ 

ဌက်မကောင်းဆိုးဝါးတွေက အတောင်ပံတစ်စုံနဲ့….အွန်လိုင်းဂိမ်းထဲက ဂိမ်းဇာတ်ကောင်တွေလိုပဲ။

သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ သူ့ရဲ့ပုံပန်းသွင်ပြင်ကို ပြောင်းလဲသွားခဲ့တယ်။

သူမကို သူ့ကျောနောက်ဘက်ကို ပစ်တင်လိုက်တဲ့အတွက် သူမကြောက်ကြောက်နဲ့ သူ့တောင်ပံကို ကိုင်ထားရတယ်။ ရင်းရွှဲကျုံးခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ပိန်သွယ်သွားပြီး မျက်လုံးတွေကလည်း အရင်ထက် အေးစက်စက်ပုံစံပြောင်းသွားခဲ့တယ်။ အစွယ်တွေလည်း ချွန်ထက်လာပြီး ခြေလက်တွေလည်း ရှည်လာတယ်။ လက်သည်းမည်းမည်းချွန်ချွန်ရှည်ရှည်တွေနဲ့ နားရွက်ကလည်း ဆံပင်ရှည်ရှည်တွေကြားထဲကနေ ချွန်ပြီးထွက်လာခဲ့တယ်။ သူမနဲ့ အရမ်းနီးကပ်လွန်းတဲ့အတွက် ပုံပန်းသဏ္ဍာန်တစ်ခုလုံးကို မြင်ရဖို့တော့ခက်ခဲတယ်။

အဲဒါက….အဲဒါက လိပ်ပြာတစ်ကောင်ပုံစံနဲ့ တော်တော်လေးကို တူတာပဲ…..

လိပ်ပြာအတောင်ပံကို ကိုင်ထားရင်း ကျီရန်တစ်ယောက် တော်တော်ကြီးကို ထိတ်လန့်သွားခဲ့တယ်။

အဲဒါက တကယ်ပဲ ရင်းရွှဲကျုံးရဲ့ပုံပန်းသွင်ပြင်အစစ်လား?????
ဒါပေမဲ့ လုံးဝအကြွင်းမဲ့တော့ လိပ်ပြာနဲ့တူနေတာမျိုးမဟုတ်ဘူး။ လိပ်ပြာအတောင်ပံက ပုစဉ်းအတောင်ပံလိုမျိုး ပါးပါးကြည်ကြည်လေး။ အတောင်ပံအဆုံးကို ကောင်းကင်ကြီးနဲ့ ကွယ်နေလို့ မြင်တောင်မမြင်ရဘူး။ ပြောမပြတတ်အောင် ကြီးမားကျယ်ပြန့်လွန်းတယ်။ 

လိပ်ပြာအတောင်ပံအနောက်က အမြီးကတော့ တော်တော်လေးကို လှပလွန်းတယ်။ ကျီရန်မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ။ အတောင်ပံပေါ်မှာ ရောင်စုံဆေးရောင်ခြယ်ထားသလိုပဲ လှပပြီး ကျက်သရေရှိလွန်းပေမဲ့ သေစေနိုင်လောက်တဲ့အထိတော့ အဆိပ်ပြင်းတယ်။

ဗီလိန်ရဲ့ဆွဲသီးလေးWhere stories live. Discover now