Chapter 22

545 46 0
                                    


အပိုင်း (၂၂)

ကျီရန်ပြန်ရောက်လာတော့ သူမကို နားနေဆောင်မှာပဲ ပြန်နေခိုင်းလိုက်ကြတယ်။ အမျိုးသမီးဂိုဏ်းသားအဖွဲ့က သူမကို အနီးကပ်စောင့်ကြည့်ကြတယ်။ ကျီရန်က အိပ်ယာဘေးမှာ ထိုင်ပြီး ပြတင်းပေါက်အပြင်က ကောင်းကင်ကို ကြည့်နေတယ်။

အားလုံးက တိတ်ဆိတ်ငြိမ်သက်နေတာပဲ။

ကျီရန် ရုတ်တရက် လွမ်းသလိုလို ဆွေးသလိုလိုခံစားလိုက်ရတယ်။

စိတ်ထဲမှာပင်ပန်းနေသလိုဖြစ်နေတယ်။

နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုတာ သူမသိနေပေမဲ့ သူမဘာဖြစ်မယ်ဆိုတာတော့ သူမမသိနိုင်ဘူး။ သူမ အိပ်ယာပေါ်လှဲလိုက်ရင်း သူမ ဒီလောကကိုရောက်လာကတည်းက အဖြစ်အပျက်တွေကို ပြန်စဉ်းစားလိုက်တယ်။ သူမ ရောက်လာကတည်းက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တယ်။ နောက်လည်း ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှမသိနိုင်ဘူး။

ဒီလောက လူတွေက စွမ်းအားရှိကြတယ်။ ကိုယ့်ကိုကိုယ်လည်း ကာကွယ်နိုင်ကြတယ်။ ဒါပေမဲ့ သူမကတော့.....ဘာမှလုပ်လို့မရဘူး။ အသက်ရှင်ဖို့ ခက်ခက်ခဲခဲကြိုးစားနေရတယ်။ ကျီရန်က သူမကိုယ်သူမ အမြဲ အကောင်းမြင်စိတ်ရှိတဲ့သူလို့ပဲ တွေးခဲ့တာ။ ဘာအခက်အခဲဖြစ်ဖြစ် သူမက အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်တယ်။ ဒါပေမဲ့ တစ်ခါတလေတော့ သူမလည်း စိတ်ပင်ပန်း အားငယ်တတ်ပါတယ်။

သူမ အသက်ရှင်မှာပါ....ဘာမှဖြစ်မှာမဟုတ်ပါဘူး။ သူမကိုယ်ကိုကိုယ် အားပေးနှစ်သိမ့်လိုက်တယ်။ မကြာသေးခင်ကမှ သေသွားခဲ့တဲ့လူတွေအကြောင်းတွေးလိုက်တယ်။ အနည်းဆုံးတော့ သူမက သူတို့ထက်စာရင် တော်ပါသေးတယ်။

သူမက ဒီဝတ္ထုစာအုပ်အကြောင်းလည်း အကုန်လုံးနီးပါးသိထားတာပဲလေ။

သူမလောက် ဒီဇာတ်ကြောင်းကို ဘယ်သူသိမှာလဲ။ သူမအကောင်းဆုံးလုပ်နိုင်မှာပါ။

ရင်းရွှဲကျုံးက သူမကို သတ်ပစ်ချင်တယ်လို့ပြောနေပေမဲ့လည်း system ပြောပုံအရဆိုရင် သူမကသာ ရင်းရွှဲကျုံးဘေးနားမှာ အကောင်းဆုံးလုပ်ပေးရင် အဆင်ပြေသွားလိမ့်မယ်တဲ့။

ဗီလိန်ရဲ့ဆွဲသီးလေးWhere stories live. Discover now