Unicode
~~~~~~~နေလည် 10:00
" ရှာတွေ့ပြီးလား..."
" မတွေ့သေးဘူး.. ကျွန်တော်ဒီအံဆွဲထဲမှာပဲ ထည့်ထားတာပါ.."
" သေချာစဉ်းစားကြည့်ဦး တစ်ခြားနေရာမှာမှားထားမိလာလို့.."
" အရင်လက Doobe ကို ဆေးခန်းခေါ်သွားတုန်က Member ကဒ္ကို ဒီအံဆြဲထဲမွာပဲ ထည့်ထားခဲ့တာ.."
XiaoZhan နဲ့ Yibo အခက်တွေ့နေသည် ဒီနေ့ Doobe ကို ဆေးခန်းခေါ်သွားဖို့အတွက် Member သြားယူတာ ကဒ္က ဘယ်ပျောက်သွားလည်းမသိပေ Yibo အံဆွဲထဲရော ခုတင်အောက်ရော မှန်တင်ခုံက အံဆွဲတွေပါ လိုက်ရှာပေမဲ့ ဘယ်နေရာမှ ရှာမတွေ့ပေ..
XiaoZhan ကေတာ့ အောက်ထပ်မှာကူရှာပေးပေမဲ့ သူလည်းရှာမတွေ့ပေ..
" Member ကဒ်လေပဲကို ထားလိုက်တော့ ဆေးခန်းမှာ အသစ်ပြန်လုပ်လည်းရတာပဲကို.."
အောက်ထပ်ကိုဆင်းလာသော Yibo အား XiaoZhan လန်ပြောလိုက်သည် ..
" ခဏေလးပါ ကျွန်တော် အိမ်ပေါ်အဒေါ်ကြီးကို သွားမေးလိုက်ဦးမယ် အဒေါ်သန့်ရှင်းရေးလုပ်တုန်ကတွေ့မိသေးလာလို့.."
ပြောချင်ရာပြောပြီး မီးဖိုးချောင်ထဲဝင်သွားတဲ့ Yibo ကို ကြည့်ကာ XiaoZhan သက်ပြင်းချလိုက်သည် အသစ်လုပ်လည်း ဘယ်လောက်မှကုန်တာမဟုတ်ဘူး ဒါပေမဲ့ Yibo ကေတာ့ မရရအောင်ရှာမည့်ပုံပင်..
" တကယ်ခေါင်းမာတဲ့ကလေး.."
XiaoZhan ပြောပြီး သူပါ မီးဖိုးချောင်းထဲလိုက်ဝင်သွားကာ..
" တွေ့ပြီးလား? Yibo.. "
Yibo စီကာအသံမကြားတာမို့ XiaoZhan မီးဖိုးချောင်းထဲသွားကြည့်တော့ Yibo ရှိမနေ မီးဖိုးချောင်းအနောက်တံခါးကပွင့်နေတာမို့ အိမ်အနောက်ဘက်မှာ အဒေါ်ကြီးကိုသွားရှာသည်ဖြစ်မည် XiaoZhan အနောက်ကလိုက်သွားပြီး...
" Yibo Doobe စောင့်နေရတာကြာပြီး ဆရာဝန်ချိန်ထားတဲ့အချိန်ကျော်သွားမယ်.."
XiaoZhan အိမ်အနောက်ဘက်ကို ပတ်ပြီး သွားကြည့်တော့ ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် XiaoZhan ခေါင်းကြီး ဗလာကျင်သွားကာ နှလုံးသားတစ်ခုလုံး မြေကြီးအောက်ရောက်သွားသလို ခံစားလိုက်ရသည်..