Chapter -15

515 45 72
                                    

Unicode

Chapter-15

ကောင်းကင်ပြာကြီးအောက်က မြက်ခင်းစိမ်းပေါ်မှာ ကောင်လေးတစ်ယောက်ကတော့ဖြင့် ကင်မရာတစ်လုံးကိုင်ရင်း သူ့ရှေ့စားပွဲပေါ်က လင်ဗန်းလေးကို ဓာတ်ပုံရိုက်လို့ကိုမပြီးနိုင်...

ခပ်ဝေးဝေးက ငေးနေရတာတောင် သူ့ရဲ့စိတ်အားထက်သန်ခြင်းတွေက ကိုယ့်ကိုလာရောက်ကူးစက်သလိုပဲမို့ ကိုယ်တိုင်တောင်မသိလိုက်ပါပဲ ပြုံးလိုက်မိသည်။ မထင်မှတ်ထားတဲ့ ဂရုစိုက်မှုအတွက် သူပျော်နေမှာ သေချာတယ်လေ။

ရုတ်တရက်ရောက်လာတဲ့ သူ့အကြည့်တွေကိုရှောင်ဖို့ လက်ကကိုင်ထားမိတဲ့ ကန့်လန့်ကာစကို လွှတ်ချရင်း ခြေနှစ်လှမ်းစာလောက် နောက်ကို ခပ်သွက်သွက် ဆုတ်လိုက်မိသည်။  သူခိုးလူမိတဲ့ခံစားချက်က လူကိုရှိန်းတိန်းဖိန်းတိန်းဖြစ်စေသလို မရည်ရွယ်ပဲ ထွေးပွေ့ဖြစ်ခဲ့တဲ့ အနမ်းတွေကပါ စိတ်ထဲရုတ်ချည်းဝင်ရောက်လာတော့ ခေါင်းကိုသာ ခပ်ကြမ်းကြမ်း ခါထုတ်ပစ်လိုက်သည်။

"အဟက် Mile Phakphum မင်း ရူးများသွားပြီလား"

ကိုယ့်ဘာသာခပ်လှောင်လှောင်ဆုံးမရင်း လုပ်စရာရှိတာတွေကိုသာ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ Zek ဆိုတဲ့ကောင်ရဲ့ ရည်ရွယ်ချက်က ဒီလောက်ဆိုရင်ကို ရုပ်လုံးပေါ်နေပြီမဟုတ်လား။ ရာရာစစ ကိုယ့်နေရာကို အခန့်သားဝင်ယူချင်နေတဲ့ကောင် Apo ဆီက အာရုံစူးစိုက်မှုကို သိပ်လိုချင်နေတဲ့ကောင်က ဒီနေ့ မင်္ဂလာဆောင်အဖိတ်ခံလိုက်ရတော့ ဖြစ်သွားတဲ့မျက်နှာက အပြစ်မဲ့တဲ့ အသည်းကွဲသမား မျက်နှာလေးနဲ့။ Apoရှေ့မှာသာ ယုန်သူငယ်လိုလုပ်နေတာ ကွယ်ရာမှာကိုယ့်ကို ဒဲ့စိန်ခေါ်နေတဲ့ကောင်မို့ ခုထက်ပိုပြီး သေချာစုံစမ်းကိုင်တွယ်သင့်တယ်လို့ တွေးမိတာမို့ Nathan ဆီ ဖုန်းခေါ်မယ်ပြင်နေတုန်း တိုက်တိုက်ဆိုင်ဆိုင်ပဲ တပည့်ကျော်ဆီက ဖုန်းဝင်လာသည်။

"အေး ပြော ဘာထူးလဲ"

"Zek ရဲ့ အဖေက Khun Mock ပါ သခင်လေး"

"ဪ လက်စသတ်တော့ သူတို့ကိုး"

သက်သေသက္ကာယသာ ထုတ်မပြနိုင်လို့ တိတိပပပြောမရလို့ ကိုယ်ကလည်းငယ်ရွယ်နေတုန်းမို့သာ ဘာမှမလုပ်နိုင်ခဲ့တာ ကျွန်တော့်မိဘတွေဆုံးပါးသွားရတာက အဲ့ဒီ Mockဆိုတဲ့ မကောင်းဆိုးဝါးရဲ့ စနက်မကင်းဘူးလို့ လေးလေးက ပြောပြထားဖူးပါတယ်။ကိုယ်တွေ အိမ်တော်နဲ့ သူတို့မိသားစုက စီးပွားပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးကြပြီး မိဘတွေဆုံးပါးပြီးနောက်မှသာ သူတို့ဘက်က ပြိုင်တာဆိုင်တာတွေသိပ်မလုပ်တော့ဘဲ ငြိမ်ကျသွားတာကလည်း ထူးဆန်းတဲ့အရာတစ်ခုပါ။ ဖအေလုပ်သူက ကျွန်တော့်မိဘ‌တွေကို ကျွန်တော့်ဘဝထဲကနေ ဆွဲထုတ်သွားခဲ့ပြီး အခု သားဖြစ်သူက ကျွန်တော့်ရဲ့ နောက်ဆုံးလက်ကျန်ပိုင်ဆိုင်မှုကို လုယူချင်ပြန်ပြီတဲ့လား။

KosWhere stories live. Discover now