Chapter -9

349 40 21
                                    

Unicode

Chapter -9

"Po....."

ကိုယ်ပေးတဲ့ အနမ်းတွေခံယူရင်းနဲ့ အိပ်ပျော်သွားတဲ့ကောင်လေးကိုကြည့်ရင်း ကျွန်တော်နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို ကိုယ့်ဘာသာ သိလိုက်ပါပြီ။ ပြီးတော့ ထပ်လည်း မလိမ်ချင်တော့ဘူး သူ့ကို ကျွန်တော်စိတ်ဝင်စားနေတာက သာမန်ထက်ပိုတယ်ဆိုတာကိုပေါ့။ နှစ်ယောက်လုံးသောက်ထားလို့ နည်းနည်းတော့ မူးနေကြတယ်ဆိုပေမဲ့ အခု ကျွန်တော်နမ်းတာ မူးလို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာမဟုတ်ပါဘူး။ရင်ထဲက ခံစားချက်ကို မလွန်ဆန်နိုင်တော့လို့ကို တမင်နမ်းလိုက်မိတာပါ။ သူကတော့ မူးနေလို့ပဲ ငြိမ်ခံနေသလားဘာလား သေချာမသိပေမဲ့ ကျွန်တော့်ဟာကျွန်တော် သိတာကတော့ မူးလို့ နမ်းတာမဟုတ်ဘူးဆိုတာပါပဲ။

ဘယ်လောက်ဖြူစင်တဲ့ကောင်လေးလဲဆိုတာ လျှာဖျားချင်းထိခတ်မိတာတောင် ခန္ဓာကိုယ်လေးက တုန်သွားသေး။ သူလန့်သွားမှာစိုးလို့ ထွေးပွေ့ရင်းကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးမိတာကို ငြိမ်ခံရင်း အခုတော့ သူကျွန်တော့်ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားပါပြီ။

"အကို့ကို အပြစ်တင်လည်း ခံလိုက်တော့မယ် ဒါပေမဲ့ အကို ခုထက်ပိုပြီး Poနဲ့ နီးစပ်ချင်နေတာကို ဘယ်လိုမှထိန်းချုပ်ထားလို့မရတော့ဘူးကွာ"

အိပ်ပျော်နေသူ မကြားနိုင်မှန်းသိပေမဲ့ သူ့မျက်နှာကိုငေးရင်း ကျွံဝင်မိနေတဲ့စိတ်ကို ပြန်ဆွဲနှုတ်ဖို့ မကြိုးစားချင်တော့ကြောင်းတွေ ကျွန်တော်ပြောနေမိပြီ။

"အကို့ချစ်သူဆီကနေ အကို ခွင့်ပြုချက်တောင်းမယ် Po... သူက ပြောဖူးတယ် ကိုယ့်နှလုံးသားကို လိမ်ညာရတဲ့အခြေအနေဖြစ်လာခဲ့မယ်ဆိုရင် သူ့ကိုပြောပါတဲ့... တကယ်ကို စိတ်သဘောထားကြီးပြီး ကြင်နာတတ်တဲ့ ကောင်လေးမို့ အကို ခုလိုမပြတ်သားတဲ့စိတ်နဲ့ သူ့ကိုချစ်မနေချင်တော့ဘူး ... သူ့ကိုချစ်ခဲ့တာ နှစ်နဲ့ချီခဲ့ပေမဲ့ Poကိုတွေ့ရတဲ့ ရက်ပိုင်းလေးမှာမှ အကိုခုလိုပြောင်းလဲသွားတာ သူ့အတွက်မတရားဘူး... အဲ့လိုစိတ်နဲ့ သူ့ကို ဆက်မလိမ်ညာချင်ဘူး...အဲ့ဒီတော့ အကို သူ့ကိုရအောင်ကြိုးစားဆက်သွယ်မယ် သူကျေနပ်တဲ့ထိဘယ်လိုပဲ တောင်းပန်ရ တောင်းပန်ရ တောင်းပန်မယ်...တလောကလုံးက ဝိုင်းအပြစ်တင်လည်း ကိုယ်ခံနိုင်ရည်ရှိပါတယ်.. ကိုယ် မနေနိုင်တာက တစ်ခုတည်းပဲ.... Po ကို ချစ်တယ်လို့ ပြောခွင့်မရဘဲ နေရမှာကိုပဲ"

KosWhere stories live. Discover now