Chapter -19

467 40 37
                                    

Unicode

Chapter -19

Dream Bar တဲ့...

အနီရောင် Neon ဆိုင်းဘုတ်အောက်က အဆောက်အအုံထဲမှာ စောင့်နေမဲ့ကောင်ဆီ ‌လှမ်းနေတဲ့ ခြေလှမ်းတွေက ယုံကြည်မှုအပြည့်နဲ့ ပေါ့ပါးလို့ပါပဲ။ ချစ်ရသူ တစ်ယောက်လုံး ကိုယ့်ဘက်ပါနေမှတော့ ယုံကြည်ခြင်းက ကိုယ်နဲ့ထပ်ချပ်မကွာ ကပ်လျက်ပါပြီးသားပဲလေ။ သို့ပေမဲ့ ပြိုင်ဘက်ကို အထင်သေးတဲ့ တုံးအတဲ့လူတော့ ကိုယ့်ကိုယ်ကိုယ် အဖြစ်ခံမှာမဟုတ်ပါဘူး။

ဘား အတွင်းထဲရောက်တာနဲ့ Nathan က သူ့ဟာသူကောင်တာမှာ သွားထိုင်လို့ ကြိုက်ရာမှာသောက်နှင့်နေပြီ။ကိုယ်ကသာ ရန်သူတော်ကို စားပွဲဝိုင်းအသီးသီးမှာ ထိုင်နေကြသူတွေထဲ လိုက်ရှာနေရတာပါ။ ဒီပွဲက သူနဲ့ကိုယ်ပဲ ထိပ်တိုက်တွေ့ရမဲ့ပွဲမို့ Nathan ကို အနားမှာ မနေခိုင်းထားတာပါ။ နို့မို့ Mile Phakphum က သူရဲဘောကြောင်သတဲ့လားဆိုတဲ့ လေသံနဲ့ အကြည့်မျိုး ရနေမှာစိုးလို့ပါ။

ကိုယ့်အကြည့်တွေဝေ့ဝဲနေတုန်း ရိပ်ခနဲ လက်လှမ်းပြလိုက်တာကိုမြင်လို့ မီးရောင်မှိန်ပြပြထဲ သေချာစူးစိုက်ကြည့်လိုက်ရသည်။ ကိုယ့်လိုပဲ all black ဝတ်ထားပြီး  ခြေထောက်ချိတ်လို့ ဟန်ပါပါထိုင်နေတဲ့ကောင်ရှိရာ ဦးတည်သွားလိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင်က ခုံမှာ ကိုယ်လည်း ဝင်ထိုင်လိုက်သည်။

"အကို ရောက်လာပြီပဲ"

"လိုရင်းကိုပြော ဒီညက ငါ့မင်္ဂလာဦးညဆိုတော့ မင်းကိုငါ အချိန်အများကြီး မပေးနိုင်ဘူး"

"အဟက်...."

မခိုးမခန့်ရယ်သံသဲ့သဲ့နဲ့ ကျွန်တော့်ကို လှောင်ရယ်နေပေမဲ့ နာကျင်နေတဲ့ ဒီကောင့်မျက်လုံးတွေကို စူးစူးစိုက်စိုက်ကြည့်ရင်း ပြုံးနေရတာ အရသာရှိလိုက်တာ။

"ယောကျာ်းဆန်ဆန်ပဲ ယှဉ်ပြိုင်ကြရအောင်"

"သူက အခု ငါနဲ့တရားဝင်လက်ထပ်ထားတဲ့ အိမ်ထောင်ရှိတဲ့လူ ဖြစ်သွားပြီ မင်းက ဘာလို့ ယောကျာ်းဆန်ဆန်ဆိုတဲ့စကားကို ထည့်ပြောနေရသေးတာလဲ"

"သူက အကိုနဲ့ သူ့အကြောင်း အကုန်ပြောပြထားတယ်ဗျ သူ့ဘက်ကပဲ ချစ်နေရပြီး အကိုက သူ့ကို မချစ်ဘူးဆိုတာရောပေါ့.. အဲ့ဒီတော့ တဖတ်သတ်အချစ်ပဲရှိတဲ့ အိမ်ထောင်ရေးထဲ ကျွန်တော်ချစ်ရတဲ့ သူ့ကို ကြာကြာမထားနိုင်ဘူးလေ...ပြီးတော့ ခံစားချက်တွေ ကျွန်တော့်ဘက်ယိမ်းယိုင်လာအောင်လည်း ကျွန်တော် လုပ်နိုင်ပါတယ်"

KosWhere stories live. Discover now