𝖳𝗁𝗋𝖾𝖾

411 59 5
                                    

၈နှစ်အရွယ်ချွဲဘောမ်ဂယူဟာ ဖြောင့်ဖြူးလှတဲ့ ကတ္တရာ လမ်းမပေါ်ကို စကိတ်တစ်စီးနဲ့ကူးချည်သန်းချည် စီးနေသည်။ အချိန်အားဖြင့် ည‌နေ ၆ နာရီလောက်ရှိသည်မို့ လူဟာ‌လည်း နည်းနည်းရှင်းနေပြီး စကိတ်စီးဖို့ရာ အကောင်းဆုံးအချိန်ဖြစ်သည်။

ထိုသည့်တိုင် အရင်နေ့တွေလို လမ်းရဲ့ ဟိုဘက်နဲ့ဒီဘက်ကို စကိတ်နဲ့ခေါက်တုံ့ခေါက်ပြန် စီးနေတာတောင် သူ့အနေနဲ့ စကိတ်အပေါ်အာရုံရမနေပါ။ သူ့ရဲ့အာရုံကတော့ သူစကိတ်စီးနေတဲ့ နားက ပလက်ဖောင်းပေါ်မှာ ကျုံ့ကျုံ့လေးငုတ်တုတ်ထိုင်နေတဲ့ ကလေးသေးသေး‌ဆီရောက်နေတာ ဖြစ်ပြီးထိုကလေးလေးဟာ သူစကိတ်‌စီးနေတာကိုလည်း ဟိုဘက်စီးရင် ဟိုဘက် ၊ ဒီဘက်စီးရင် ဒီဘက် ၊ ကြောင်လေးတစ်ကောင်လို ခေါင်းလေးစောင်းပြီး လိုက်ကြည့်တက်သေးသည်။

သို့သည်တိုင် အချိန်တော်တော်ကြာသည်အထိ ထိုကလေးဘေးကို လူကြီးတစ်ယောက်မှရောက်မလာပေ။

သူစကိတ်စစီးသည့် အချိန်ဟာ ညနေ ၄နာရီကျော်ကျော်ထဲကဖြစ်ပြီး သူစစီးထဲက ထိုကောင်လေး ရှိနေတာဖြစ်သည်။ သူ့လို ထွက်ဆော့တဲ့ကလေးလို့ပြောရအောင်လည်း ထိုကောင်လေးအနားမှာ သူ့ရဲ့ သက်တော်စောင့်တွေလိုမျိုး လူကြီးတစ်ယောက်မှ ရှိမနေပါ။ ထို့အပြင် ထိုကောင်လေးဟာလည်း ဆော့ကစားခြင်းမရှိပဲ အဲ့နားမှာ ငုတ်တုတ်လေးသာဖြစ်သည်။

ထို့နောက် သူဟာ ခပ်ဝေးဝေးက သူ့ရဲ့ သက်တော်စောင့်နဲ့ ထိုကလေးကို တိတ်တိတ်လေးအကဲခက်နေရာကနေ အကြံတစ်ခုရလာသည်။

သူသည် ထိုကလေးနားကို စကိတ်စီးသွားရင်း အနားရောက်မှ ရပ်လိုက်ပြီး စကိတ်ကိုလည်း ကောက်သိမ်းလိုက်သည်။

ထိုအချင်းအရာကိုမြင်လိုက်တဲ့ ကလေးလေးက သူ့ကို ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေနဲ့မော့ကြည့်လာပြီး ထိုမျက်ဝန်းလေးတစ်စုံဟာ ကြယ်ရောင်တွေထက်တောင်‌ပိုတောက်ပနေသည့်ဟန်။

သူသည်လည်း ခပ်ဖွဖွလေးပြုံးပြရင်း ထိုကောင်လေးထိုင်နေတဲ့ ပလက်ဖောင်းဘေးကို ဝင်ထိုင်ကာ စကိတ်ကိုဘေးမှာချလိုက်သည်။

🎉 You've finished reading 𝖬𝗒 𝖢𝖾𝗅𝖾𝖻𝗋𝗂𝗍𝗒 | 𝖳𝖠𝖤𝖦𝖸𝖴 𝗌𝗁𝗈𝗋𝗍 𝗌𝗍𝗈𝗋𝗒 🎉
𝖬𝗒 𝖢𝖾𝗅𝖾𝖻𝗋𝗂𝗍𝗒 | 𝖳𝖠𝖤𝖦𝖸𝖴 𝗌𝗁𝗈𝗋𝗍 𝗌𝗍𝗈𝗋𝗒Where stories live. Discover now