PART1
"ဖြောင်း"
"ဝိုး"
တစ်ဖက်ဝိုင်းမှ လူငယ်တစ်စုရဲ့ဆူညံသံနှင့်အတူပုလင်းအချင်းချင်းတိုက်ပွတ်သံကြောင့် သူနဲ့အလုပ်ကိစ္စဆွေးနွေးနေသော တစ်ဖက်ပါတနာတို့နှစ်ယောက်သည်လည်း စကားပြောလက်စပြတ်သွားရကာ အသံတို့တိတ်သွားသည့်အထိကို ခတ္တစောင့်ဆိုင်းပေးရ၏။
သူတို့ဝိုင်းနှင့်နံရံတစ်ခုသာ ခြားထားသဖြင့် ပြတင်းပေါက်ကနေ လှမ်းကြည့်လျှင် ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်သိုက်နှင့် မိန်းကလေးအချို့....
ကလေးတွေ ရန်ဖြစ်နေကြတာဖြစ်မယ်.....
"ဘာအပြစ်ရှိလို့ ပြတ်ပေးရမှာလဲ ဒေစီမပြတ်ပေးနိုင်ဘူးနော် မောင်"
ပန်းခရမ်းရောင်cross topကို အိပ်ကပ်ပေါ်သည့်အထိ တိုနှံ့သော '0'ကွာတားဂျင်းဘောင်းဘီနှင့်ကောင်မလေးက သူ့ကောင်လေး၏ လက်မောင်းသွယ်သွယ်လေးကိုလှုပ်ခါပြီး မျက်ရည်အရွှဲသားနဲ့တောင်းဆိုခယနေသည့်စိတ်ပျက်စရာကောင်းသော မြင်ကွင်းတစ်ခု။
"ကိုပျင်းသွားပြီ ဒေစီ.... မင်းက ဆွဲဆောင်မှုလည်းမရှိတော့ ကို့နှလုံးသားက မင်းကိုမခုန်ဘူးဖြစ်နေတယ်လေကွာ"
"ဖြောင်း...."
"အဟွန့်..."
"ဝိုး......ဖြောင်းခနဲပဲကွာ..."
အရိုက်ခံလိုက်ရတာကို တစ်ချက်မှမမဲ့သွားသည့်အပြင် ရယ်ပါရယ်လိုက်ကာ သူ့အပေါင်းအဖော်တို့ကပါ ထိုဖြစ်စဉ်ကို ဟာသတစ်ပုဒ်ကို ထိုင်ကြည့်နေသလိုကြည့်နေကြသေးသည်။ ကောင်မလေးက ကောင်လေးကိုပါးချလိုက်သည့်ပုံစံကိုလိုက်တုပပြီး ငိုနေသည့်ကောင်မလေးကိုလည်းပြ၊ ချိုးပြနေကြသည်။
ဟူး...ကလေးတွေ မလွယ်လိုက်တာ.......
"မိတ်ကပ်မပါရင် ဘာရုပ်မှမပေါက်လာတဲ့မင်းမျက်နှာ Fillerမထိုးရင် ရှိတောင်မရှိတဲ့မင်းနှုတ်ခမ်း၊ ပြီးတော့ဆီလီကွန်ကြီးနဲ့ကွာ....
မပြောချင်တော့ပါဘူး.... မင်းကိုငါ့exလို့ပြောရမှာတော့ရှက်တယ်ကွာ အရိုက်ခံလိုက်ရတဲ့ငါ့ပါးကို အိမ်ရောက်ရင်နွားနို့နဲ့ဆေးပစ်အုံးမှ ငါ့ပါးလေးကျက်သရေယုတ်ပြီ အဟက်"

YOU ARE READING
ချစ်မှရမယ် (Complete)
Romance"ငါမင်းကို ချစ်တယ် ဦးမောင်...... မင်းကို ချစ်ရဖို့ ငါအများကြီး စတေးဖို့ စွန့်စားဖို့လုပ်ထားတာ....မင်းငါ့ကို နာကျင်အောင် လုပ်ပြီးတော့မှ ကျေနပ်မှာလားဟမ်" နေမီးပုံ "ကိုနေမီး ခင်ဗျားကို ကျွန်တော်ရင်မခုန်နိုင်သေးဘူး ဒါပေမယ့် ချစ်မှရမယ်ဆိုတော့လဲ ချစ်ကြည...