PART 22❣️(U/Z)

8.3K 170 5
                                    

PART 22❣️

  ကိုနေမီးတို့ပိုင်သည့် Phoenixဟိုတယ်ကို သူခေါ်သဖြင့် အဖော်လိုက်ပေးရပြီး သူက သူ့အလုပ်ကိုယ်သူလုပ်နေပြီး ကိုယ်ကအားယားနေသဖြင့် ဘားနှင့်တွဲဖွင့်ထားသည့်ရေကူးကန်ဘက်ကို တစ်ယောက်ထဲလျှောက်လာမိသည်။

"ရှူး......ဟိတ်"

   နာနတ်သီးပုံပါသည့်ဘီကီနီနဲ့ကောင်မလေးက သူ့ကို မျက်လုံးမှိတ်ပြရင်းခေါ်လိုက်ပြီးမှ ရေထဲကို ဒိုင်းပင်ထိုးဆင်းသွားလျှင် ပြုံး၍ခေါင်းခါလိုက်မိ၏။

အရင်လိုတောင် သူရင်မခုန်တော့သလို စိတ်ထဲမှာလည်း ဘာမှမရှိနေ။

  ဟိုလူကသူ့အလုပ်နှင့်က အချိန်ကြာဦးမည်မို့ ဘားထဲမှာ AK-47ဆိုသည့် ကော့တေးကိုသောက်ချင်စိတ်ကပြင်းပြနေသဖြင့် တစ်ခွက်မှာပြီး ရေကူးကန်ဘက်အခြမ်းကို မျက်နှာမူလိုက်ရင်း ပတ်ဝန်းကျင်ကိုရှူစားကြည့်နေ၏။

" ဟိတ် ယူက ဒေစီလင်းမော်ရဲ့ Exဟုတ်တယ်မလား"

သူ့ဘေးနားကို ထိုနာနတ်သီးရောက်ချလာပြီး တဘက်တစ်ထည်ကို ဆက်စီကျကျခါးမှာပတ်လိုက်ရင်းဝင်ထိုင်သည်ကို ငြိမ်ကြည့်နေလိုက်၏။

ဒေစီလင်းမော်တဲ့... ဘယ်သူတုန်းဟ...

Exဆိုတာ သူတစ်ယောက်ထဲမဟုတ်သဖြင့် ခေါင်းထဲကနေထွက်မလာ။

"ဆိုပါတော့"

ချောလဲရောထိုင်လုပ်ကာ ဒီအချိန်မှာ မမှတ်မိတဲ့ Exကိုကျေးဇူးတင်သွား၏။

ဒီတစ်ယောက် Exဆိုတဲ့တစ်ယောက်ထက် ပိုချောမှာပိုလှမှာ ကြိမ်းသေနေတာက ရင်ဘတ်ထဲကသစ္စာစကားပါ။

နေနေ...ကိုနေမီးက အချောဆုံး။

"ယူ့ဆီမှာ ဒို့သိချင်တဲ့အကြောင်းအရာတစ်ခုရှိတယ်"

သူ့ကိုစိတ်ဝင်စားနေလို့ ရေမြောင်းဖောက်နေတာဟုထင်လိုက်ပြီး ကျေနပ်နေပေမယ့်လည်း ရင်ခုန်မနေပါ။

"ကိုသိရင် မင်းကိုပြောပြမယ် ပြောပါအုံး ဘာအကြောင်းလဲ"

"စောစောက ယူနဲ့အတူတူဝင်လာတဲ့ ဒီPhoenixက ကိုနေမီးပုံမလား ဒို့ သူ့လက်ရှိတွဲနေတဲ့‌ကောင်မလေးရှိလား မရှိဘူးလားဆိုတာ သိချင်တယ်"

ချစ်မှရမယ် (Complete)Opowieści tętniące życiem. Odkryj je teraz