PART 7❣️(Uni/Zaw)

9K 210 43
                                    

PART 7 ❣️

“သားရယ် အားနာလိုက်တာ”

“ရပါတယ် လေးလေးရယ်.... ကျွန်တော် တွဲခေါ်သွားပေးမယ် သူ့အခန်းဘယ်မှာလဲ”

“အပေါ်ထပ်မှာ”

“ဟိုကောင်ပြန်ရောက်ပြီလား.... သူ့ကိုဘယ်သူက အိမ်‌ပြန်ခိုင်းလို့လဲဟမ်...  ဘယ်သူရှိလဲ ချက်ချင်းဆွဲခေါ်ထုတ်သွားစမ်း”

  အခန်းတစ်ခုကနေထွက်လာသည့် ဖိုးဖိုးဦးကျော်ဇင်မောင်၏စကားကြောင့် နေမီးမှာဦးမောင်ကိုပဲ လှေခါးပေါ်ကနေပစ်ချထားရမလား အပေါ်ထပ်ကို ဆက်လိုက်ပို့ပေးရမလားနှင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ကြောင်အနေ၏။

“ဟော.... သား နေမီးပါလား ဘယ်လိုရောက်လာလဲ သား”

  သူ့ကိုမြင်တော့မှ မျက်နှာတစ်မျိုးဖြစ်သွားပြီး သူ့အကောင်ဆိုးလေးကိုပါ ကြည့်ပြီးစိတ်ပျက်နေသည့်မျက်နှာနှင့် မဲ့နေ၏။

“မွေးနေ့ကိုအကြောင်းပြပြီး ရန်ရှာတဲ့ကောင်က မူးပြီးသေသွားလည်းအေးတာပဲ၊ ဘာလို့ ကောက်ခေါ်လာသေးလဲ တစ်ခါတည်းလမ်းပေါ်မှာပစ်ထားရမှာ”

“ကျွန်တော်နဲ့ အိမ်ရှေ့မှာတွေ့ပြီး ကျွန်တော်ပါအဖော်လိုက်သွားတာပါဖိုးဖိုး....”

လက်သေခြေသေသလို လုံးဝမလှုပ်နေသော ခန္ဓာကိုယ်လေးကို အပေါ်ထပ်ရောက်တဲ့အထိ သူဆွဲခေါ်လာရသည်။

မွေးနေ့မှာ ရန်အကြီးအကျယ်ဖြစ်ခဲ့ပုံပဲ။

  လေးလေးဖွင့်ပေးသော အခန်းတစ်ခုထဲကို သူတွဲခေါ်လာပြီး မွေ့ယာပေါ် ယုယစွာချပေးလျှင် ထိုကောင်လေး၏ မျက်လုံးတို့သည်မပွင့်လာပေမယ့် မျက်ရည်တွေတော့ လှိမ့်စင်းကျ‌လာ၏။

    ဦးမောင်မှာ ဘယ်လောက်ဝမ်းနည်းစရာရှိလို့ အိပ်နေရက်နဲ့ မျက်ရည်ကျရလဲကွာ။

“သား ကလေးက ငယ်ငယ်လေးနဲ့ စိတ်ဒဏ်ရာရခဲ့လို့ သူမူးတဲ့နေ့တွေဆို ဒီလိုမျက်ရည်တွေ ကျတတ်တယ်”

“သူ နားလည်းမကြားရဘူးဆို လေးလေး”

“အင်း မွေးရာပါတော့မဟုတ်ပါဘူး။ အသက်ဆယ်နှစ်ပြည့်မွေးနေ့မှာ ကလေးက သူ့ဒယ်ဒီနဲ့ အတူတူကား အက်စီးဒန့်ဖြစ်ခဲ့တယ်.... ကိုကြီးက နေရာမှာပွဲချင်းပြီးဆုံးသွားပြီး ကလေးက အကြားအာရုံဆုံးရှုံးခဲ့ရတယ်၊ ကလေးနဲ့ ကလေးတို့ဒယ်ဒီက သူ့မာမီရှိတဲ့နေရာကို သွားရင်းနဲ့ ဖြစ်သွားတယ်လေ.....”

ချစ်မှရမယ် (Complete)Où les histoires vivent. Découvrez maintenant