PART 26❣️(U/Z)

8.2K 169 10
                                    

PART 26❣️

   ကမ်းခြေသည်အုန်းပင်နဲ့ ပနံရတင့်တယ်နေသောပုံရိပ်ကို မှန်တံခါးပေါက်ကလိုက်ကာကို ဘေးသို့ပို့လိုက်လျှင် တန်းခနဲ့မြင်ရ၏။

  မနက်ပိုင်းအာရုံဦးအချိန်တွင် လှိုင်းတို့လည်း ပြေပြေလေရှိနေကာ လူအသွားအလာလည်းရှင်းနေသဖြင့် ထိုမြင်ကွင်းကို ဒီလိုရပ်ကြည့်နေရတာကို သဘောကျနေ၏။

      ဘာလို့လဲဆို သူ့အနောက်မှာ သူ့ကလေးကပါသူ့မြင်ကွင်းကိုဖြည့်ဆည်းပေးနေတာမို့ပဲ.....

   ဦးမောင်ကိုအချိန်ပေးပြီး လျှောက်လည်မည်ဟု ကတိပေးထားသဖြင့် သူစောစောထကာ ရေချိုး အဝတ်အစားလဲ သူမအတွက်ဆင်တူဝတ်စုံကိုပါ ထုတ်ပေးထားပြီးမှ ထရန်ခေါ်နှိုးရပါတော့၏.....

   စောစောအိပ်သွားပြီး စောစောမထသော ထိုစောင်ပုံထဲကလူသားလေးကို နှဖူးကနေ မောနီးကစ်လေးပေးလျှင် မျက်ဝန်းအိမ်အရေပြာအောက်ကနေပြေးလွှားနေတာကိုမြင်လျှင် ပို၍အသဲယားလာပြီ....

“ကို့ကလေးက အခုထိမထချင်သေးဘူးပဲ”

ကလေးကိုစောင်ပုံထဲကနေ ပွေ့ချီလိုက်ပြီး ရေချိုးခန်းဘက်ကိုဦးတည်လျှင် လှပစွာမျက်လုံးတို့ကပွင့်လာပြီး သူ့ဆီကရုန်းထွက်ပေမယ့် ခွရပ်အတိုင်းလေးပြန်ဖြစ်တော့သည်။

“ဟွန့်.....ခင်ဗျားက အကုန်လုံးတောင်ပြင်ဆင်ပြီးပြီမှ လာခေါ်တယ်”

  သူ့ထက်အရင်ဦးသွားလို့ အလိုမကျ၍စူပုတ်လာသောမျက်နှာလေးအနှံ့ကို ကြောင်လေးတစ်ကောင်လို သူဖွဖွလေးနမ်းလျှင် သူမကရှောင်ဖယ်နေပြန်။

“ကလေးကို မျက်နှာသစ်ပေးမယ် စိတ်မဆိုးပါနဲ့နော်"

  သွားတိုက်ပေါ် သွားတိုက်ဆေးထည့်ပေးပြီးမှ ‌ကမ်းပေးလျှင် တစ်ခုခုကိုညစ်ကျယ်ကျယ်လုပ်ချင်သောစိတ်နဲ့လျှိုဝှက်ပြုံးသွားသည်ကိုသိချင်ပေမယ့် မမေးဖြစ်တော့ပဲ ရေဖန်ခွက်ကိုကိုင်၍ သွားတိုက်နေပုံကို Bath tubပေါ်ကနေ ထိုင်ပြီးစောင့်ပေးနေ၏။

အဟိ...

  မှန်ထဲက သူမကကိုယ်သူမကြည့်ပြီး ဘာကိုသဘောကျသွားသည်မသိ အသံထွက်ပါရယ်နေသေး၏။

ချစ်မှရမယ် (Complete)Where stories live. Discover now