PART 6❣️(Uni/Zaw)

7K 184 17
                                    

PART 6❣️

  နေမီးသည် မန္တလေးကနေရန်ကုန်ကို  နေနိုင်နဲ့ပိုးကလေးရဲ့လက်ထပ်ပွဲကြောင့် အမြန်တတ်လာရသည်။ မင်းယနဲ့ကိုကိုလေးက သူတို့ကားနဲ့သူတို့။

  ဘာလို့ဟိုနှစ်ကောင်နဲ့ အတူမသွားလည်းဆို Mulletနဲ့ကြုံပြီးတဲ့နောက် ဟိုနှစ်ကောင်နောက်ကို ဘယ်တော့မှမလိုက်ဖြစ်တော့တဲ့အထိ ဆိုက်ကိုဝင်သွားသည်....

   မင်းယလည်းလက်ထပ်သွားပြီ။ အခု နေနိုင်ပါ မိန်းမယူပြီဆိုတော့ သူရယ် မိုးခါးရယ် အသွင်ရယ်  သော်တာရယ်သာ ကျန်တော့သည်။ သူလည်း မိန်းမယူဖြစ်မှာလား မဖြစ်ဘူးလားတော့ မသေချာသေး။

“သတိုးသားအရံလုပ်ပြီး ဘာတွေတွေးပြီး ငိုင်နေလဲ.....မင်း မိန်းမရရင်လည်း ဒီပုံစံပဲဆောင်ရမှာ စိတ်မပူနဲ့”

မင်းယအလှည့်တုန်းက သူသတိုးသားအရံလည်းမလုပ်လိုက်ရသလို သတိုသားကလည်း ‌မင်္ဂလာကောင်းကောင်းမဆောင်လိုက်ရ။ နေနိုင်ကတော့ ကံကောင်းတယ်ပြောရမယ်။

“ငါတို့အသက်အရွယ်တစ်ခုကို ရောက်လာခဲ့ပြီနော် နေမီး”

“အေး.....နေနိုင်အရင်လက်ထပ်ရမယ်ထင်နေတာ မင်းအရင်မိန်းမရသွားတယ်...ငါ့ယောက်ဖလည်းဖြစ်လာတယ်။ ငါတို့အတူတူကြီးပြင်းလာတဲ့အခိုက်အတန့်ကို တွေးကြည့်လိုက်ရင် ခဏလေးလိုပဲ..... ကျောင်းသားဘဝကနေ ဒီနေ့အထိကို ပြန်တွေးကြည့်ရင် ငယ်ရွယ်မှုကို ပြဿနာပေါင်းစုံနဲ့ ငါတို့အတူတူဖြတ်သန်းခဲ့ကြတယ်‌နော်၊ အမှတ်တရတွေရော နောင်တတွေလည်း အတူတူအများကြီးရှိခဲ့တယ် အနာဂါတ်မှာလည်း ဒီလိုခင်မင်မှုကို ငါတန်ဖိုးဆက်ထားမယ်”

“မင်းနဲ့ခင်မင်ရတဲ့အခိုက်အတန့်တွေက ဘယ်အရာနဲ့မှအစားထိုးလို့မရနိုင်သလို ငါတို့ခင်မင်မှုရော ပတ်သက်မှုရောက ဘယ်သူမှာမှထပ်မရနိုင်ဘူးထင်တယ်”

“မင်းနဲ့သိခဲ့ရတဲ့ အချိန်တွေအတွက် ငါနောင်တမရဘူး မင်းယ”

“ငါလည်း မင်းလိုပဲ ယောက်ဖ”

“အဟက်....”

“ဟွန့်”

သူတို့နှစ်ယောက်ခင်မင်လာခဲ့တာနှစ်တွေမှမနည်းတော့တာ ဒီလို နုနုရွရွပြောနေ‌ရတာလည်း နည်းနည်းတော့နေရခက်သား။

ချစ်မှရမယ် (Complete)Where stories live. Discover now