PART 4❣️
" တွေ့ကြည့်လိုက်တော့ ဘယ်လိုသဘောရလဲသား"
"အခုမှစတွေ့တာကို ကျွန်တော်က ဘယ်လိုလုပ်ပြီး တစ်ဖက်သားအကြောင်းကို ကောင်းကောင်းသိမှာလဲမားရာ"
"သားက စီးပွားရေးသမားတစ်ယောက်ပဲ ဒီမိန်းကလေးတစ်ယောက်ကို အကဲခက်တာမခဲရင်းပါဘူးသားရယ်.... ကလေးမလေးက လူကြီးအပေါ်အရမ်းသိတတ်ပြီး လိမ္မာရေးခြားရှိတဲ့မိန်းကလေးတစ်ယောက်ပါ သားအတွက်အသင့်တော်ဆုံးမိန်းကလေးပါကွယ်"
"သား သဘောကျရင် ဖေဖေတို့ သားတို့ထပ်တွေ့ကြပေါ့ တစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်းသိအောင် လေ့လာပြီးမှ လက်ထပ်မယ်ဆိုလည်းဖြစ်တာပဲ အချိန်တော့မကြာနဲ့ပေါ့ နှစ်လ သုံးလလောက်ဆို ကောင်းကောင်းသိတဲ့ကာလအပိုင်းအခြားပါပဲ"
" ဖေဖေ့ကိုBusiness manလို့မပြောရဘူးနော်၊ အိမ်ထောင်ရေးတစ်ခုကို လပိုင်းလောက်နဲ့ အဆုံးအဖြတ်မလုပ်ချင်ဘူးဖေဖေ၊ ကျွန်တော့်ကို အချိန်ခဏပေးပါ.... ကျွန်တော် ဖေဖေတို့စကားကိုနားထောင်ဖို့က တစ်ဖက်လူအပေါ်မှာလည်း မူတည်သေးတယ်ဗျာ"
"သား ညီမအလှည့်တုန်းက ဖေဖေတို့ဘာမှမပြင်ဆင်လိုက်ရဘဲ ရုတ်တရက် လက်ထပ်ပေးဖို့ဖြစ်သွားတယ်၊ ဒါပေမယ့် သားမင်းယမို့လို့ ဖေဖေတို့ဖြေသာသွားရတယ်၊ သားကိုတော့ ဖေဖေစိတ်တိုင်းကျတဲ့လူနဲ့ တွေ့စေချင်တယ်"
ကံတရားပေါ့ဖေဖေဟု သူမပြောဖြစ်လိုက်ပါ၊ သူဘာဖြစ်နေလဲ သူပဲသိတယ်မလို့....
ကိုကိုလေးရဲ့အိမ်ထောင်ရေးဟာ အစပိုင်းမှာ အဆင်မပြေမှုအချို့ရှိခဲ့ပေမယ့် အခုဆိုသူတို့နှစ်ယောက်က နားလည်မှုနဲ့အတူ အချစ်တို့နဲ့ပါ အိမ်ထောင်ရေးကို တည်ဆောက်ထားသဖြင့် စိတ်ချသွားရပေမယ့် သူ့အလှည့်ကျရင် ဘယ်လိုဖြစ်လာမလဲ။
ထမင်းစားခန်းကအပြန်တွေးနေမိတာက သူ့စိတ်က အခုတလော ထူးဆန်နေတာကို ပြန်ဆန်းစစ်မိ၏။ မေထွဋ်ဖြူတုန်းကလည်း သူရင်မခုန်ခဲ့ဘူး။ မေပယ်လည်းထို့အတူပဲ......
ပေါင်းလာတဲ့ဘော်ဒါတွေကိုလည်း ယောက်ျားလေးတွေပဲကို တစ်ခါမှထူးထူးဆန်းဆန်းစိတ်နဲ့မဖြစ်ပေါ်လာခဲ့ဘဲ ဒီMulletကောင်နဲ့မှရင်ခုန်နေတာဆိုတော့....
ဒါက သူထင်မှတ်ထားတဲ့အရာမဟုတ်ပါစေနဲ့လို့ တိတ်တစိတ်ဆုတောင်းနေမိ၏။
YOU ARE READING
ချစ်မှရမယ် (Complete)
Romance"ငါမင်းကို ချစ်တယ် ဦးမောင်...... မင်းကို ချစ်ရဖို့ ငါအများကြီး စတေးဖို့ စွန့်စားဖို့လုပ်ထားတာ....မင်းငါ့ကို နာကျင်အောင် လုပ်ပြီးတော့မှ ကျေနပ်မှာလားဟမ်" နေမီးပုံ "ကိုနေမီး ခင်ဗျားကို ကျွန်တော်ရင်မခုန်နိုင်သေးဘူး ဒါပေမယ့် ချစ်မှရမယ်ဆိုတော့လဲ ချစ်ကြည...