PART2❣️(Uni/Zaw)

14.6K 260 17
                                    


🍃PART 2🍃

(🎶My patience is waning....is this entertaining?

🎶My patience is waning....is this entertaining?

🎶 I.... yeya e ya .....

🎶I got this feeling...yeah,U know

🎶Where i'm losing all control

🎶Cause there's magic in my bones

🎶I got this feeling in my soul

🎶Go ahead and throw your stones

🎶Cause there's magic in my bones......

🎶 I yeya e ya .............)

Imagine Dragons ရဲ့'Bone'သီချင်းကို အစွမ်းကုန်အသံမြှင့်ထား၍ အခန်းထဲက‌နေအပြင်ကိုဟိန်းထွက်အောင်ဖွင့်ထားပြီး လူမှုရေးမရှိသော သူ့ Cosmoဟိုတယ်ဘေး အပန်းဖြေဟိုတယ်ကပိုင်ရှင်လား ဧည့်သည်လား ဘယ်သူမှန်းမသိရသော ထိုဘက်လူကို ဒေါသထွက်နေတာတော့ အမှန်ပဲ။

လုပ်ငန်းတူ စီးပွားရေးသမားချင်းမို့လို့ အလျှော့ပေးလို့မရ။

ဒီဘက်မှာလည်း ဧည့်သည်တွေရှိနေကာ နားအေးပါးအေးနှင့် ခရီးထွက်လာပြီး ခရီးသွားခြင်း အနှစ်သာရကို အပြည့်အဝခံစားချင်လို့လာတည်းပါတယ်ဆိုမှ ပါတီလည်းမဟုတ် ဘာပွဲမှလည်းမရှိပါဘဲ ဖွင့်နေတာ တစ်နေကုန်တစ်‌နေခမ်းရှိနေပြီ......

Imagine Dragonsပြီး Imagine Dragonsကိုပဲ repeatလုပ်ထားပြီး နှိပ်စက်နေသည်ကို မခံနိုင်သည့်အဆုံး ဘေးဟိုတယ်ရဲ့Receptionအရှေ့ထိဝင်ချလာကာ တွေ့သည့်ဝန်ထမ်းတစ်ယောက်ကို မေးလိုက်သည့်အထိ ဒေါသကတနုံ့နုံ့ဖြစ်နေဆဲ.....

"ဒီက ညီလေး.....အစ်ကို requestတစ်ခုလောက်လုပ်ချင်တယ် ညီတို့ဟိုတယ်ရဲ့ထောင့်က အခန်းက သီချင်းဖွင့်တာ တအားဆူညံလွန်းပြီး ပတ်ဝန်းကျင်ကိုအနှောက်အယှက်ပေးနေသလို ဖြစ်နေတယ်ကွာ။ အဲ့ဒါ အစ်ကိုတို့ဘက်ကို အသံတွေ တော်တော်ရောက်နေလို့ ဧည့်သည်တွေပြောဆိုနေတယ် ဖြစ်နိုင်မယ်ဆိုအသံလျှော့ပေးလို့ ပြောပေးလို့ရမလား"

"ဟို..."

"ဟို..."

"ဟင် ဘာဖြစ်လို့လဲ အသံလျှော့ပေးလို့မရဘူးလား"

မျက်နှာပျက်နေသော ဝန်ထမ်းကောင်လေးကြောင့် ဒေါသထွက်နေရသည်။ ဘယ်လိုဆိုးတဲ့ဧည့်သည်ဖြစ်နေလို့လဲ....

ချစ်မှရမယ် (Complete)Donde viven las historias. Descúbrelo ahora